Home / Bago Manager ZWL (page 60)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ယခုအခါ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး ရက်ကွက် (၁၃)ခု၊ ကျေးရွာ(၆)ရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းပေါင်း(၃၀)ခန့် ဖွင့်လှစ်ထားရှိပြီး ရေးဘေးသင့် အိမ်ခြေ(၃၄၉၄)၊ အိမ်ထောင်စု(၃၆၅၀)စု၊ လူဦးရေ (၁၅၃၉၅) ဦးအား ယာယီကူညီစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ နေ့စဉ် စားသောက်ရေးအတွက် လိုအပ်ချက်မရှိစေရေး မိမိတို့အစိုးရအဖွဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဘဲဥ၊ ကြက်ဥ၊ အသား/ငါးများ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း အလိုက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက် …

Read More »

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန် များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ် ခဲ့သော ရပ်ကွက်များတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း များ၏ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အခြေခံစားသုံးကုန်များနှင့် သီးခြား လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဆုတောင်းပြည့်တော်ကြီး ကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ဒေသခံပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ကြက်ဥ/ဘဲဥ၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်အတွင်း …

Read More »

သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

သာယာဝတီ ဩဂုတ် ၆ =============             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူဦးရဲနိုင်၏ လယ်မြေတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ဆန်များ တိုးချဲ့ပျိုးရန်၊ ရာသီမရွေး အထွက်နှုန်းကောင်းသော ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် ပိုက်ဆံလျှော်စိုက်ပျိုးဧက မြို့နယ်အလိုက် လျာထားချက်ပြည့်မီရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲသို့ လာရောက်လေ့လာသည့် သာယာဝတီမြို့နယ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့

တောင်ငူ ဩဂုတ် ၅ =================             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက  တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။              ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ နတ်သျှင်နောင်ရပ်ကွက်၊ ဦးမြတ်သီဟ၏ မြတ်ပဲမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဘေးကင်း လုံခြုံသော အစားအစာဖြစ်စေရန် FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက်  တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သောမိုးစပါးဧကများအတွက် လိုအပ်သော ပျိုးပင်နှင့် မျိုးစပါးရရှိရေး၊ ထိခိုက်ဧကများအား သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ကင်းဆင်းစစ်ဆေးရန် နှင့် မန်းကျည်စင်ချောင်း ပြန်လည်တူးဖော်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ …

Read More »

နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၄ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု ပြဌာန်းထားပြီးဖြစ်ကာ ရရှိသည့်အခွန်ငွေများ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေရပြီး ရသင့်ရထိုက်သည့်အခွန်များကို အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိပဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံ ဆောင်ရွက် ရန် ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ အခွန်ရငွေလျာထားချက်နှင့် ကောက်ခံရရှိမှု ကာလတူနှိုင်းယှဉ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ Robusta ကော်ဖီ(၂၃၇)ဧကနှင့် ကိုကိုးသီးနှံဧက(၇၀၀) စတင် စိုက်ပျိုးမည်ဖြစ်

ပဲခူး ဩဂုတ် ၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၃) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်သဖြင့် လာမည့်နွေစပါး စိုက်ရာသီအတွက် ယခုအချိန် ကတည်းက စိုက်ပျိုးရေအား စနစ်တကျသုံးစွဲရန်နှင့် ချောင်းပိတ်/မြောင်းပိတ် လု်ပငန်းများ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ ကြိုတင် စုဆောင်း ဖြန့်ဝေပေးထားရန်လိုအပ်ပြီး မိုးရေချိန်များ၍ ရေနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ပြန်လည်ကုစားနိုင်ရေး ပျိုးခင်းများကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဒေသခံ တောင်သူများအား ခေါင်နှံဖြင့် မျိုးစပါးပြန်လည်အသုံးပြုနိုင်ရေး အသိပညာပေးရန်နှင့် တစ်နှစ်(၃)သီးစိုက် မြေနေရာများတွင် စိုက်ချိန်မှန်၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု အဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပြီး သဲဆန်ကုန်းကြောမြေနှင့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်(၂)သီး သီးထပ်တိုးချဲ့စိုက်ပျိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂ =================         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အိုးဘိုကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်ရန် အချက်အလက်များအား ပဲခူးခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ တာဝန်ရှိသူများက မှတ်တမ်းဗွီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။           အဆိုပါ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မှာယူ ခဲ့ပြီး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ပဲခူးခရိုင်အတွင်းရှိ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင် ၃၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဦးထွန်းသိန်း၏ ငုံးကောင်ရေ(၁၀၀၀၀) မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး အသားနှင့်ဥ ထုတ်လုပ်မှု တိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းနောက် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးလှသန်း၏ ဆင်းသုခမျိုးစပါး ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကြဲခင်းစနစ်များ ပပျောက်နိုင်ရေးနှင့် သွင်းအားစုများအား သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ဒိုက်ဦး ဇူလိုင် ၃၀ =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် စနစ်ကျလယ်ယာမြေဧရိယာ (၁၂၀) ဧက၌ ကောက်စိုက်စက်ဖြင့် ရက်(၉၀)စပါးမျိုး စိုက်ပျိုးသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခ တောင်သူများနှင့်တွေ့ဆုံကာ တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှု၊ သဘာဝမြေဩဇာ ပိုက်ဆံလျှော်တိုးချဲ့စိုက်ပျိုးရန်၊ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရန် ရေသွင်းမြောင်းများ ပိတ်ဆို့မှု မရှိစေရေးဆောင်ရွက်ရန်၊ လယ်ဘေးပလပ်မြေများတွင် နေဗီယာမြက်စိုက်ပျိုးရန် တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် မျိုးစေ့များ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၇၉.၀၉၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၂၃၅.၇၇၅)သန်း တိုးတက် ဝင်ရောက်ခဲ့

ပဲခူး ဇူလိုင် ၂၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် စီးပွားရေးအရမဟာဗျူဟာကျပြီး တည်ငြိမ်အေးချမ်းမှုများကြောင့် ဇူလိုင်လ တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂.၈၁၂)သန်း တိုးတက်ဝင်ရောက်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ပြီး လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်ရေး ဥပဒေနှင့်အညီ …

Read More »