Home / Bago Manager ZWL (page 62)

Bago Manager ZWL

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ ဇွန် ၂ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံဆရာတစ်ဦးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ၊ ကျောင်း သား/သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။           အဆိုပါ ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ငွေကျပ်သိန်း(၅၀)နှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ …

Read More »

ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသား အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့် အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိ ကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူအဖွဲ့အစည်း ရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်း၊ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး …

Read More »

တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် ဘဏ္ဍာငွေများနှင့် ကြွေးကျန်များ အပြေအကြေ ကောက်ခံရရှိ ရေး တွန်းအားပေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၁ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွန်ငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးရခြင်းဖြစ်၍ သက်ဆိုင်ရာဌာနများမှ ရသင့်ရထိုက်သည့် ဘဏ္ဍာငွေများ နှင့်ကြွေးကျန်များ အပြေအကြေကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုအတွင်း အခွန်ပုန်း၊ အခွန်ရှောင်များလည်း ဖော်ထုတ်၍ အခွန်ထမ်းသစ်များ ရရှိရေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအပ်နှံမှု (၁၀၅)ရာခိုင်နှုန်းကျော်ရှိ နေပြီဖြစ်၍ ကျောင်းသုံးပရိဘောဂနှင့် အားကစား ပစ္စည်းများ ပြည့်စုံစေရေး၊ လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရာသီ ရောက်ရှိလာပြီဖြစ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် …

Read More »

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မေ ၃၁ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဆည်ရေသောက်နှင့် အခြားနည်းလမ်းဖြင့် စိုက်ပျိုးရေရရှိသည့်‌ မြေနေရာများတွင် တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် ယခုအချိန်ကတည်းက စိုက်ပျိုးချိန် မှန်ကန်ခြင်း၊ စိုက်ပျိုးသီးနှံ မှန်ကန်ခြင်းနှင့် စိုက်ပျိုးရေ ရရှိရေးတို့ကို ကြိုတင်စီမံဆောင်ရွက် ပေးနေရခြင်း ဖြစ်ကြောင်း၊ တို်ငးဒေသကြီးအတွင်း စပါးမျိုးကွဲပေါင်း(၃၈)မျိုးခန့် စိုက်ပျိုးနေသည်ကို သိရှိရ၍ စပါးမျိုးကွဲ များပြားမှုကို လျော့ချနိုင်ရေးနှင့် တိုင်းဒေသကြီး(အရှေ့/အနောက်) အထွက်တိုး …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂၈ ==============           ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အခြေခံပညာဦးစီးဌာန (အောက် မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။             ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ကျောင်းအပ်ကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်၏ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်သဖြင့် ကျောင်းနေအရွယ်အားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် မေလ(၂၆)ရက်နေ့ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံ ရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ပြည်ပကုမ္ပဏီ(၂)ခုမှ စက်ရုံအသစ် တည်ဆောက် လုပ်ကိုင်ခြင်းအတွက် အမေရိကန်ဒေါ်လာ (၆.၁)သန်း ဝင်ရောက်ခဲ့

ပဲခူး မေ ၂၇ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး၏ တည်ငြိမ်အေးချမ်းမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုတို့ကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းတို့အား စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများအား သတ်မှတ်ထား သည့် စက်မှုဇုန်များအတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် တစ်စုတစ်စည်းတည်း စနစ် တကျဖြစ်စေရေး ဖွဲ့စည်းပေးထားသည့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ စက်မှုမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေနေရာများ …

Read More »

လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး (စက်တုံး)နောက်တွဲကိရိယာ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး မေ ၂၄ ===================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြု လုပ်သည့် လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဘက်သုံးလူထိုင်စီး(စက်တုံး)နောက်တွဲ ကိရိယာ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတို်ငးဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု လယ်ယာကဏ္ဍသို့ ကူးပြောင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အညီ တောင်သူလယ်သမားများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ လယ်ယာသုံးစက်ကိရိယာများအား လက်ငင်းစနစ်၊ အရစ်ကျ စနစ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာ များ ပိုင်ဆိုင်လာသည့်အခါ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေး

တောင်ငူ မေ ၂၃ ===================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့်အတူ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးစိုက်ဧက ပိုမိုစိုက်ပျိုး နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာရှိ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် စေတီတော်ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဇေယျမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖြူး မေ ၂၂ =====================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အရှေ့ခြမ်း) စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ သဖန်းတန်းကျေးရွာအနီးတွင် နွေစပါး(၈၀၀)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်း တည်ဆောက်ရေး မြေနေရာသို့ရောက်ရှိခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုပြုလုပ်ပေးသည့် ယာယီဖြူးချောင်းပိတ်လုပ်ငန်း သည် တစ်ခုအပါအဝင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (စတုတ္ထပတ်)မြောက် မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မေ ၂၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့  တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ တူးဖော်ပေးခြင်း များ ဆောင်ရွက်ပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိ စေရေး ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် လမ်း/ရေမြောင်း ဧရိယာ များတွင် ကျူးကျော်နေထိုင်မှုမရှိ‌စေရေး ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …

Read More »