Home / Bago Manager ZWL (page 66)

Bago Manager ZWL

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ

ပဲခူး ဧပြီ ၁၆ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် သင်္ကြန်အတတ်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီလ(၁၆)ရက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ်စတုဒီသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံ ချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိ ကြောင်းသိရှိ ရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဖျော်ဖြေရေးမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစုယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပတ်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ ဖြေဖျော်နေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၅ =============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၁၅) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုခဲ့သည်။ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ဧပြီလ(၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တန်ခူးလဆန်း (၁၄)ရက်၊ ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က လည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။ ယနေ့ ဧပြီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်တွင် ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀) အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးမြို့၌ သင်္ကြန်အကြတ်နေ့ အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ

ပဲခူး ဧပြီ ၁၅ =================           ပဲခူးမြို့၌ ဧပြီလ(၁၅)ရက်နေ့၊ မဟာသင်္ကြန်အကြတ်နေ့အား အေးချမ်းတည်ငြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။           ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစား+စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူများမှ လွတ်လပ်စွာ လမ်းလျှောက်သင်္ကြန်အား ဆင်နွှဲလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုရအဖွဲ့၏ တစ်နေကုန် စတုဒီသာ(ထမင်း+ဟင်း)မဏ္ဍပ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများ လာရောက်သုံးဆောင်လျက်ရှိသည့်အပြင် ပဲခူးမြို့နေ ပြည်သူများမှလည်း သနပ်ပင်လမ်း၊ လိပ်ပြာကန်ရှေ့ အုန်းလက်မဏ္ဍပ်များ၊ ရပ်ကွက်အလိုက် လမ်းများပေါ်တွင် စတုဒီသာနှင့် ရေကစား မဏ္ဍပ်ဖြင့် အေးချမ်းစွာ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များဖြင့် ပြည်သူလူထုနှင့်အတူ အေးချမ်း တည်ငြိမ်စွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲ

ပဲခူး ဧပြီ ၁၄ =========================           ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်ကားသိုက်မြိုက်စွာ ရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒီသာကျွေးမွေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒီသာနှင့် ရေကစားမဏ္ဍပ်(၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား အများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေ့စဉ် ကျွေးမွေးလှူဒါန်းနေသည့် စတုဒီသာမဏ္ဍပ်တွင် ထမင်း+ဟင်း လာရောက်သုံးဆောင်နေသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကြီးကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူမဏ္ဍပ်များဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်စွာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၃ =========================           ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၁၃)ရက်နေ့၊ ညနေပိုင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မှူး နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကြန်ဟူသောစကားသည် “သင်္ကြန္တ” ဟူသော သက္ကတ စကားဖြစ်၍ “သကန္တ”ဟူသော ပါဋ္ဌိစကားမှ ဆင်းသက်လာပြီး ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန် အချိန်အခါတွင် အတာရေ …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၀ ============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတွင် ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းအချိန်က ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်အဖွင့် အောင်ဂါထာဖြင့်ပူဇော်ကာ  သမ္မာဒေဝနတ်များ ပင့်ဖိတ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာယူပြီး …

Read More »

ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူး ဧပြီ ၁၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန် ပွဲတော်အား လမ်းလျှောက်သင်္ကြန်အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။        အဆိုပါသင်္ကြန်ပွဲတော် သင်္ကြန်အကြိုနေ့ ဧပြီလ(၁၃)ရက်နေ့တွင် ဗဟိုမဏ္ဍာပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေ ကြမည်ဖြစ်သည့်အပြင် သင်္ကြန်အကြို၊ အကျ၊ အကြပ်၊ အတတ်နေ့များတွင် သင်္ကြန်ယိမ်းအကဖွဲ့(၂၅)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကပြကြမည်ဖြစ်ပြီး ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဗဟိုမဏ္ဍာပ်၌ သင်္ကြန်ကာလအတွင်း စတုဒီသာအနေဖြင့် (ထမင်း+ဟင်း)တို့ကို နေ့စဉ်တစ်နေကုန် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ(၈)ခုတို့မှလည်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ် များ၌ ရေပက်ကစားခြင်း၊ နေ့စဉ်စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ပေးသွားကြမည်ဖြစ်သည်။        ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပဲခူး ဧပြီ ၉ ================== ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် လုပ်ငန်းတင်ဒါများ ခေါ်ယူနေအား သိရှိနိုင်ပါရန် အသိပေးအပ်သည်- အပြည့်အစုံဖတ်ရှုရန်———————

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၈ ============           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားအား ဧပြီလ(၈) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့သည်။           ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား     

ပဲခူး ဧပြီ ၈ =============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများ နှင့်အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ တိုင်းဒေသကြီး၏ မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်း(၁၇)ရပ်တို့ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် များ …

Read More »