Home / Bago Manager ZWL (page 7)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ လူဦးရေ(၁၅၀၀၀) အား စတုဒီသာကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူး နိုဝင်ဘာ ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ဝန်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဘုရားဖူးလာပြည်သူ လူဦးရေ(၁၅၀၀၀)အား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာ လာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပူဇော်ပွဲအား နိုဝင်ဘာလ(၁၄) ရက်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတန်ဆောင်တိုင်ပွဲတော် စာတမ်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြသည်။           တစ်ဆက်တည်း “ပဲခူး” ဟု စာတမ်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး(၁၅၀၀)နှင့် မီးပုံပျံအကြီး (၆)လုံးတို့အား စတင်၍ လွှတ်တင်ပူဇော်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် …

Read More »

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၃)ကြိမ်မြောက်မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၅           ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၃)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၁၄) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ  တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ မြို့မိ/မြို့ဖတစ်ဦးနှင့် အလှည့်ကျ ဂေါပကအဖွဲ့ဝင်တို့က (၄၃)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ယှဉ်ပြိုင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်းတီးပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၂           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။           ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြရာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်း သားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

သဲကုန်း နိုဝင်ဘာ ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ သင်တန်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းသားများအား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က အာဟာရ ဖြည့်စွက်စာများကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးဦးဟန်က စစ်ဝတ်ပစ္စည်းများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

Read More »

ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန် တောင်သူများနှင့် သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် နိုဝင်ဘာ ၁၁           ပြည်မြို့၊ ခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအား၊ သီးနှံ စိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံ ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိကာ သီးထပ်စွမ်းအား၊ သီးနှံစိုက် စွမ်းအား တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ကျွန်းတန်းကုန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၉၀) ဆောင်းမြေပဲအထူးဇုန်သို့ သွားရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင် ရေးနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့သည်။ ၎င်းနောက် မြေပဲစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲစိုက်ခင်းများတွင် ပဲဇဉ်းငုံ သီးညှပ်ထည့်သွင်း စိုက်ပျိုးရန်၊ တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နွေရာသီတွင် မြေလှပ်ထားမှုမရှိစေရေး စိုက်ပျိုးရေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် နိုဝင်ဘာ ၉           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ဖူဆယ်အားကစားရုံ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ မူယာပင်နယ်မြေ လေထပ်ပြင်ဖူဆယ်အားကစားကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးထပ်ပြင်ဖူဆယ် အားကစားရုံ၏ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖူဆယ်အားကစားရုံ၌ ဖူဆယ်အားကစားအတွက် ဘောလုံးများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးပြိုင်ပွဲအား စပေး ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ရေးလုပ်ငန်းအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ ပွဲကြည့်စင်များ …

Read More »

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် လောင်းလှူပူဇော်

ပြည် နိုဝင်ဘာ ၈           ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။           ဆက်လက်၍ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်မြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံ(ရာကာ-၆၆၆)မျိုးအား အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation)ဖြင့် ရေပေးဝေဆောင်ရွက် ထားသောစံပြစိုက်ခင်း(၁၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံသည် ရေပေးသွင်းနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ် နိုင်ပြီး ယခုလို စံပြစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကာ ဒေသခံတောင်သူများကလည်း မိမိတို့၏ ဝင်ငွေများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲနိုင်ရေး အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation) အား လိုက်ပါဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ …

Read More »