Home / Bago Manager ZWL (page 5)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ညောင်လေးပင် ဇွန် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ ဂျုတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်း အတွက် ထောက်ပံ့ငွေကျပ်သိန်း(၅၀) ထောက်ပံ့ပေးအပ်ခဲ့ရာ တတိယနှစ် သင်တန်းသူတစ်ဦးက ကျေးဇူတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရသင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူခဲ့ကြပြီး သင်တန်းသား/သူတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

တောင်ငူ ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ မွန်းလွှဲပိုင်းက တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊  ရေ၊ နည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အချိန်တိုအတွင်း အဓိကသီးနှံ (၆)မျိုးနှင့်နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်တုန်းက စိုက်ပျိုးရေး အသိပညာပေးခြင်း သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်  တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကျောင်း ရှိသည့် မြို့နယ်များတွင်လည်း ဆက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် အဓိကသီးနှံများအတွက် လက်တွေ့ဦးစားပေး သင်ကြားခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၁           ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက လစဉ်စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လောကလူသားတိုင်း ဘဝအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြသည့်အခါ ပညာဆိုင်သည့် အရင်းအနှီးသည အင်မတန်တန်ဖိုးကြီးမား ကြောင်း၊ စာဖတ်ခြင်းမှ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ကို ရရှိနိုင်မှာဖြစ်ပြီး ကောင်းတဲ့သူနဲ့ မကောင်းတဲ့ သူကို ပညာက ခွဲခြားသတ်မှတ်ပေးနိုင်မှာဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် လူသားများအတွက် ဘဝတက္ကသိုလ်ကြီးအဖြစ် အလားသဏ္ဍာန်တူသဖြင့် လူငယ်မောင်မယ်များအနေဖြင့် စာပေများများ ဖတ်ရှုလေ့လာရန်လိုအပ်ပြီး စာဖတ်ရှိန်ကောင်းလာလျှင် ဖတ်သင့်သည့်စာနှင့် မဖတ်သင့်သည့်စာကို ခွဲခြားသိမြင်လာမှာဖြစ်ကြောင်း၊ သုတစာပေဖတ်ရှုခြင်းအားဖြင့် ဉာဏ်ပညာထက်မြတ်စေပြီး ရသစာပေ ဖတ်ရှုခြင်းအားဖြင့် နှလုံးစွမ်းအင်ကို ပြည့်ဝလာစေမှာဖြစ်ကြောင်း၊ ထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရေန် အမျှော်အမြင်ရှိခြင်း၊ မေတ္တာတရားရှိခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇွန်လ(၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ ကြည်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင်ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနေ့ပွဲစဉ်တွင် အကောင်းဆုံး အားကစားသမားဆု(Man of the Match)ရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ အကောင်းဆုံးနောက်တန်းဆုရရှိသူ၊ အကောင်းဆုံးအလယ်တန်းဆုရရှိသူ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသူ နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ပဲခူးတိုင်းဒေသအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဝန်ကြီးများကလည်းကောင်း၊ တတိယဆုရရှိသော နတ်တလင်းခရိုင်ဘောလုံးအသင်းအား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သည် ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဧရိယာအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ရာသီဥတုမျှတကောင်းမွန်ပြီး တိုင်းပြည်၏ စိုက်ပျိုးသီးနှံများကို အဓိကထုတ်လုပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် အရှေ့ အနောက် ပိုင်းခြားထားသည့် ပဲခူးရိုးမကြီးပိုင်ဆိုင်ထားပြီး သစ်မျိုးစုံပေါက်ရောက်ရာ၊ သားငှက်တိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရာတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးဧရိယာတစ်ခုလုံး၏(၄၂)ရာခိုင်နှုန်း ကျော်သည် အမြဲစိမ်းသစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး လျော့နည်းသွားခဲ့ရသည့် သစ်တောဧရိယာများတွင် အဖိုးတန် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေစသည့် သစ်မျိုးများအား နိုင်ငံတော်မှ အကုန်အကျခံ၍ နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း၊ သစ်တောများအပါအဝင် သဘာဝ သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ်အတွက် …

Read More »

ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာပေါ်ရှိတဲ့လူသားများ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာရာ စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံတိုးချဲ့ ထုတ်လုပ်လာခြင်းနှင့် သဘာဝသယံဇာတ အရင်း အမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရပြီး ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှု မြင့်တက်လာ ကာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ သဲကန္တာရဖြစ်ထွန်း ခြင်း၊ မိုးခေါင်ရေရှာခြင်း၊ စိုက်ပျိုးသီးနှံ အထွက်နှုန်းလျော့ကျခြင်းများ ဖြစ်ပေါ်ခံစားနေရကြောင်း၊ ဒီအခြေ အနေများကို ကျော်လွှားနိုင်ရန်အတွက် မြေယာပြန်လည်ထူထောင်ခြင်းအပြင် မြေအောက်ရေလျော့နည်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေ မှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇွန် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာကျောင်းနှင့် ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း များ သို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား လှည်လည့်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၄၅၃၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး၊ ပဲခူးခရိုင်တွင် ကျောင်းသား/သူ(၁၉၇၉၃၃)ဦး၊ ညောင်လေးပင်ခရိုင်တွင် ကျောင်းသား /သူ (၁၄၄၅၆၁)ဦး၊ တောင်ငူခရိုင်တွင် ကျောင်းသား/သူ(၁၅၇၇၅၇)ဦး၊ ပြည်ခရိုင်တွင် ကျောင်းသား/သူ (၈၉၄၂၄)ဦး၊ နတ်တလင်းခရိုင်တွင် ကျောင်းသား/သူ(၆၃၅၄၈)ဦးနှင့် …

Read More »

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်(၁) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ပြီး ပြည်သူကို အကျိုးပြုနေကြသူများဖြစ်သည့်အတွက် ဥပဒေများကို ပိုမိုထိတွေ့သိရှိရန်လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသလုံခြုံအေးချမ်းရေးတို့၏ အဓိကအခြေခံအကျဆုံးသည် ပြည်သူများ တည်ဆဲဥပဒေများ ကို သိရှိလေးစားလိုက်နာကြရန်လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်းအားဖြင့် မိမိဌာနအကျိုး၊ မိမိဘူမှုပတ်ဝန်းကျင်အကျိုးနှင့် မိမိနိုင်ငံတော်အကျိုး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား နိုင်မှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေး နိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပဲခူး ဇွန် ၃ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိ ပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၃)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်သရဇ္စျာယ်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၁)သန်း ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူ (၈၉၃)ဦး အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့

ပဲခူး ဇွန် ၁ =========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသ­­ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခြေခံ အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံလောက်သည့်မြေဧရိယာ ပေါများခြင်း၊ လုပ်သား အင်အားပေါကြွယ်ဝခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာကို သာ အဓိကရွေးချယ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့ တိုင်းဒေသကြီအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား နွေးနွေးထွေးထွေး ကြိုဆိုလျက်ရှိကာ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်သားအင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်သည့် CMP လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအလို့ဌာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် …

Read More »