Home / Bago Manager ZWL (page 5)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ ဖေဖော်ဝါရီ ၁၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်း ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခဲ့နိုင်မှုကြောင့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀)တွင် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက်နေမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာများ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲရန်နှင့် စိုက်ပျိုးရေ အား လေလွင့်မှုမရှိ အကျိုးရှိရှိသုံးစွဲရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ ဆင်ဆိပ် ကျေးရွာရှိ မတ်ပဲစိုက်ခင်းနှင့် ပဲခူးတိုင်းဒေသကြီးမှထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး (၁၀၀)ဧက စိုက်ပျိုးနေမှုတို့အား …

Read More »

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၂ /၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၁၈           နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။           ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်( ၂၂ /၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့်  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ …

Read More »

ပဲခူးမြို့၊ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင် များ ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၅           ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံးအစည်းအဝေးခန်းမ၌  ဖေဖော်ဝါရီလ (၁၅)ရက်‌နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။         ရှေးဦးစွာ  အခမ်းအနားကိုနမောတဿ(သုံးကြိမ်)ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် နိုင်ငံတော် အဆင့်ရှိသော စေတီတော်တစ်ဆူဖြစ်သည့်အတွက် ပြုပြင်တည်‌ဆောက်မှုများပြုလုပ်ရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အကူအညီရယူကာ ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးချက်များ လုပ်ဆောင် သွားကြရမှာဖြစ်ကြောင်း၊ ပဲခူးဒေသသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့်အတွက် ငလျင်ဘေးဒဏ် ခံနိုင်ရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  စေတီတော်ကြီး၏ အတွင်းလှိုင်ထဲရှိ သံထောက်တိုင် များ ပြုပြင်မှုဆောင်ရွက်ရာတွင် စေတီတော်ကြီး၏ အပြင်လုံးပတ်တော်၌ ရာသီဥတုဒဏ်ကြောင့် အက်ကွဲမှုရှိ/မရှိ တစ်ပါတည်းစစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ကြံ့ခိုင်မှု စစ်ဆေးချက်ရလဒ်များနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၄            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်းကျုံး မြောက်ဘက်ခြမ်းမြေထိန်းနံရံကျောက်စီခြင်းနှင့် သံပန်းတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျုံးအတွင်း ရေဝင်ရေထွက်စနစ် ကောင်းမွန်စေရေး၊ ကျုံးရေပြင်၌ ကြာပန်းများဖြင့် လှပတင့်တယ်စေရေး၊ တည်ဆောက်ရေလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။       ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  နှစ်စဉ်ပဲခူးမြစ်ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်၌ အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေရှိ School Cum Shelter တည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက …

Read More »

ပဲခူးမြို့တွင်(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၂      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နံနက်(၅:၃၀) အချိန်တွင် အလံတင် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုခဲ့ကြသည်။        ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီး သော ရဲဘော်အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ ၎င်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး ဖေဖော်ဝါရီ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာဖြင့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်မှုရှိခြင်း၊ ကောင်းမွန်သည့် ဈေးကွက်ရရှိနိုင်ခြင်း၊ တောင်သူ တိုင်း တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချပေးနိုင်ခြင်းအပြင် အစားအစာဘေးကင်းလုံခြုံမှု ရှိသဖြင့် တောင်သူတိုင်း သဘာဝရွက်ဖျန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်အပြတ် အသိပညာပေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေး

တောင်ငူ ဖေဖော်ဝါရီ ၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ် ဆန်းမွှေးစပါးများ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးရေး ကြိုတင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့ မီးရထားအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တာဘောင်​မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်  

ပဲခူး ဖေဖော်ဝါရီ ၃           ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ယမန်နေ့၊ ညနေပိုင်းက ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့် ပတ်သက်၍ သိကောင်း စရာများကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များကိုလည်းကောင်း ဖတ်ကြားရှင်းလင်းခဲ့သည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂           (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ မွန်တိုင်းရင်းသား/သူများက “မွန်တို့ဌာနေရာမည”သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနား အားဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ မတူညီသော် လည်း မိသားစုစိတ်ဓါတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား/သူမျာအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့် …

Read More »

ပြည်မြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပြည် ဖေဖော်ဝါရီ ၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဆေးပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ အောင်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်။ မြတ်ကြီး ရင်ပြင်တော်ရှိ ပုညကာရဏ လေးထပ် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ကြည်ညိုခဲ့သည်။            ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်မြို့၊  ရွာဘဲတောင်ပေါ်ကျောင်း ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရ ဆရာတော် အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆေးပစ္စည်း အလှူတော်များ …

Read More »