ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်၊ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုအားထည့်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဧကများအတွက် ပြန်လည်ကုစား နိုင်ရေး ဆောင်းသီးနှံနှင့် နွေစပါးရာသီတွင် ပြန်လည်တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးသွားမှာဖြစ်၍ ရရှိနိုင်သည့် ရေအရင်းအမြစ်များ ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအား စံပြစိုက်ကွက်(၃၆၉၁၁)ဧက ဖော်ထုတ်သွားမည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်သည့်အပြင် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၃ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဧပြီ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင…
အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄)လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသည် မိမိတို့မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ် များကို အနီးကပ်ဆောင်ရွက်နေ ကြသူများဖြစ်သလို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကွင်းဆင်း စစ်ဆေး ကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ မြို့နယ်အလိုက် အဓိကသီးနှံ(၁၀)မျိုးအနက်မှ ဒေသနှင့်ကိုက်ညီ ပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တစ်အုပ်တစ်မ သီးနှံစံပြစိုက်ခင်းများ ဖော်ဆောင်သွားရမှာ ဖြစ်သလို သဘာဝမြေဆီမြေနှစ်ကြွယ်ဝစေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး ပိုက်ဆံလျှော် စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဒေသအလိုက် ကြက်၊ …
Read More »(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ဆုရရှိခဲ့သူများအား ထပ်ဆင့်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ဆုရရှိခဲ့သူများအား ထပ်ဆင့်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၁၃)ခုတွင် ပြိုင်ပွဲဝင် အမျိုးသား(၁၂၆)ဦး၊ အမျိုး သမီး (၉၅)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၁)ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၇)ခု၊ ကြေးတံဆိပ်(၂၈)ခု စုစုပေါင်းဆုတံဆိပ်(၅၉)ခုရရှိခဲ့၍ ပြိုင်ပွဲဝင်များ အား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လပြည့်နေ့တွင် လူဦးရေ(၁၅၀၀၀)အား စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းလှည့်လည်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် …
Read More »ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ အမျိုးသား/ အမျိုးသမီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့် နေမှုအားလည်းကောင်း၊ ဟင်္သာလမ်း၊ ရိုးရာခြင်းအားကစားရုံ၌ အမျိုးသား/ အမျိုးသမီး ရိုးရာခြင်း စခန်း သွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း၊ မိုးလုံလေလုံအားကစားရုံ၌ ဘက်စကက် ဘောအားကစား စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းရှိ မာဃမင်းတင်းနစ်အကယ်ဒမီ၌ တင်းနစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးခရိုင်အားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားသမားတိုင်း မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website