တောင်ငူ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲ အမှတ်စဉ်(၄/၂၀၂၄)အား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှုဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေ ရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ ၄ ရက်နေ့၊ န…
ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
သာယာဝတီ မတ် ၄ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး မတ် ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယ…
ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်က…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မ…
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိ…
တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက် “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး
ပဲခူး စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ …
Read More »တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့
တောင်ငူ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ပျက်စီးဧကများ ဖြစ်လာနိုင်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအတွက် မျိုးတူ၊ သက်တမ်းတူရှာဖွေ၍ ပြန်လည်ဖာထေးစိုက်ပျိုးသွားရန်နှင့် ပျက်စီးဧကများတွင် မတ်ပဲနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသွားရန်၊ ရေကြီး နစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ဧက ထိခိုက်သွားသော်လည်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ကွင်းဆင်းတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင်ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်းထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက် ဖွယ်ရာများ …
Read More »တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
တောင်ငူ စက်တင်ဘာ ၂၁ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့ပြီး တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့မှုအပေါ် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် တက်ကြွစွာပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုများအတွက် စေတနာရှင်ပြည်သူများစုပေါင်း၍ ငွေကျပ်(၅၈၂၅၁၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် …
Read More »အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
ပဲခူး စက်တင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးအလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ် ပေးထားပြီး ထုတ်လုပ်သူများအနေဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သလို စားသုံးသူများအနေဖြင့်လည်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website