ရွှေတောင် ဖေဖော်ဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့၊ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ ဆေးရုံတက်ရောက်ကုသနေသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားခဲ့ပြီး ဆေးရုံ တက်ရောက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ
ပဲခူး ဩဂုတ် ၂၆ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူး…
ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်
ပဲခူး ဩဂုတ် ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ပြည် ဩဂုတ် ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဩဂုတ် ၂၁ ပြည်မြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက MSME လုပ်ငန်းများဖ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ပြည် ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၉ ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ…
နောက်ဆုံးရသတင်းများ
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် နေရပ်စွန့်ခွာပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဖေဖော်ဝါရီ ၁၅ ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ အကြမ်းဖက် ဖြစ်စဉ်များ ကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွါ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအား အားပေးအမှာစကား ပြောကြား ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေ သည့် ယာယီနေရပ်စွန့်ခွာနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လငွေကျပ် (၂)သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ပြည်ခရိုင် အတွင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
ပြည် ဖေဖော်ဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ဦးအောင်အောင် ၏ “ဒေါ်လာ”မြေပဲဆီသန့် လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ဆီစက်အား ဆိုလာစနစ်ဖြင့် လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆီထွက်နှုန်းတိုးတက်စေရေးနှင့် ဒေသတွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်-အောင်လံကားလမ်း မိုင်တိုင်အမှတ် (၁၀၃/၇)မှ ပြည်-ပေါက်ခေါင်းသွားကားလမ်း(၃/၇)အထိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဇုန် ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး လမ်းဧရိယာ ဝဲ/ယာရှိ စိုက်ပျိုးမြေများ ထိခိုက်မှုမရှိစေရေးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေး
သာယာဝတီ ဖေဖော်ဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူ လယ်သမားသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ ခေတ်မီနည်းစနစ်များကို သုံးစွဲမှသာ အထွက်နှုန်းတိုးပြီး လေလွင့်မှုလျော့နည်းသက်သာ မှာဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်မှာ ပန်းတိုင်အထွက်နှု်နး ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး အတွက် ဒေသကြက်၊ ဒေသဝက်၊ ဒေသဆိတ်နှင့် ဒေသနွားများအား တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် အထိ တိုးချဲ့မွေးမြူသွားရမှာဖြစ်ကြောင်း၊ …
Read More »ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတက္ကသိုလ် ကျောင်းသား/သူများက “လူငယ့်အားမာန်” တေးသီချင်းဖြင့် ပဲခူးတိုင်း ဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားအား သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံ၏ အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အားလျော်စွာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်ဖို့ အလွန်အရေးကြီးပြီး အခြေခံကျကြောင်း၊ လူငယ်ဆိုတာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အလားအလာ အကောင်းအဆိုးများသည် လူငယ်များ၏ ဖွံ့ဖြိုး တိုးတက်နှင့် စွမ်းရည်အပေါ်မှာ တည်မှီနေကြောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website