ပဲခူး ဩဂုတ် ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မိကျောင်းရဲရပ်ကွက်၊ နဝဒေး လမ်းရှိ MSME လုပ်ငန်းရှင် ဦးဇင်ကိုဦး၏ “ရွှေမြင့်မိုရ်” မှိုမျိုးထုပ်နှင့် မှိုစိုက်ပျိုးရေးအလုပ်ရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မှိုစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာစေရေးနှင့် မှိုအား တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ ကြံခတ်ဝါးရုံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၀)၌ မိုးစပါးတစ်ကွင်းတစ်ဆက်တည်း စံပြကွက်ကျယ်ဧက(၁၀၀) ၌ စုပေါင်းမြေဩဇာကြဲပက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမြန်သွားရေယာဉ် (Fiber Glass Boat) လွှဲပြောင်းပေးအပ်
ပြည် ဩဂုတ် ၂ ပြည်မြို့၊ ကမ်းနားလမ်း၊ နဝဒေးပန်းခြံအနီး၊ ဧရာဝတီမြစ်ကမ်း၌ အမြန်သွားရေယာဉ် (Fiber Glass Boat)အား ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် အမြန်သွားရေယာဉ် (Fiber Glass Boat)လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ် (Fiber Glass Boat) အားလွှဲပြောင်းပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက လက်ခံရယူခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ပြည်မြို့၊ ဂန္ဓမာ စက်မှုဇုန်ရှိ ဦးဆန်းအောင်၏ ခေတ္တရာဆီစက်မှ ဒေသထွက်ပဲပုတ်များအား အသင့်စားသုံးနိုင်သည့် ဆီသန့် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပဲပုတ်ဖက်များမှ တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေါ်ရွှေစင်၏ “သီတာမြန်မာ” အမျိုးသမီးဝတ် အထည်အမျိုးမျိုး ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဦးမြတ်လမ်းရှိ …
Read More »နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်မြို့၌ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဩဂုတ် ၁ ပြည်ဘူတာ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီ လမ်းတစ်လျှောက် ဒေသခံပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့သည် ပဲခူးတိုင်းဒေသကြီး၏ ဒုတိယမြို့တော်တစ်ခုဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု လက်မှုလုပ်ငန်းများ ဖြစ်ထွန်းတိုးတက်လျက်ရှိသည့် မြို့ကြီးတစ်ခုဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရသစ်မှ ရက် (၁၀၀)စီမံချက်ဖြင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပြီးစီးခဲ့၍ အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ ပေးခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ခရီးသွားလာရ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် မိုးညိုမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆရာ/ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့သည် မင်းလှ-မိုးညိုလမ်းအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လမ်းပိုင်းဆိုင်ရာအချက်အလက်နှင့် ပြင်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ အခြေအနေများ လမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး မင်းလှ- မိုးညိုလမ်းပိုင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website