ပဲခူး ဧပြီ ၁၈ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံဟောင်း လမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင်မဏ္ဍပ်၌ စတုတ္ထအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောက်တိုက်မှ ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဆရာတော်မှ “ပညာရှိတို့ဆုံးမစကား” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယက ဒေါက်တာဘဒ္ဒန္တသူရိယ (သာသနာဓမဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ ဘဒ္ဒန္တဇနိတ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့သည် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၁၉)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၆)ဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို တိုင်းရင်းသား ရေးရာဝန်ကြီးကလည်းကောင်း၊ စတုတ္ထရရှိသည့် တော်ဝင်ဟင်္သာယိမ်းအဖွဲ့နှင့် ပိတောက်ရွှေဝါယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေတို့အား လမ်းပန်းဆက်သွယ် ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က လည်းကောင်း၊ တတိယဆုရရှိသည့် ဟင်္သာပျိုမေယိမ်းအဖွဲ့နှင့် ငွေနှင်းမာလာ ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလား နှင့် ဂုဏ်ပြုဆုငွေတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ပိတောက်ရွှေရည်ယိမ်းအဖွဲ့နှင့် …
Read More »မဟာသင်္ကြန်အတတ်နေ့ ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ် ပျော်ရွှင်စွာ ရေကစားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၁၆ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဧပြီလ(၁၆) ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒီသာစားသုံးနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟို ရေကစားမဏ္ဍပ် သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ဧည့်ခံကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နေသည့် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များတွင် ရေကစားလာသူ ပြည်သူများ၊ စတုဒီသာလာရောက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျှက်ရှိပြီး ရပ်ကွက်/ …
Read More »မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့အား ဒေသခံပြည်သူများနှင့်အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ ပါဝင်ဆင်နွှဲ
ပဲခူး ဧပြီ ၁၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့သည် မဟာသင်္ကြန်အကြတ်နေ့အား ဒေသခံပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိလာခဲ့ပြီး ကျောက်ကြီးစု ရပ်ကွက်၏ “နှစ်ဦးတန်ခူးမေ” ယိမ်းအဖွဲ့၊ နန်းတော်ရာရပ်ကွက်၏ယိမ်းအဖွဲ့၊ သံယံဇာတရေးရာဝန်ကြီးဌာန၏ “စိမ်းလန်းမေ”ယိမ်းအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန “ပိတောက်ပျိုမေ”ယိမ်းအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ “ဟင်္သာပျိုမေ”ယိမ်းအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏ “နှစ်သစ်ပျိုမေ” ယိမ်းအဖွဲ့နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ “သင်္ကြန်မေ”ယိမ်းအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော် အဆိုတော်များ၏ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပဲခူးမြို့၌ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website