ပဲခူး အောက်တိုဘာ ၂၉ ================ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၂၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ နဝကမ္မအလှူငွေများ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။ သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၁)ကျောင်းမှ သံဃာတော် (၂၈၉၇)ပါးတို့မှ (၁၀၃၂)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၁၃၈)သံဃာတော်အပါး(၂၅၀)ပါးမှ (၁၆၀)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၆၇)ပါးတို့မှ (၁၄၂)ကြိမ်မြောက် ပဝါရဏာ ပြုပွဲကိုလည်းကောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇွန် ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၃၀)ရက်န…
ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး
ပဲခူး ဇွန် ၂၈ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇွန် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက်နေ…
(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇွန် ၂၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် အပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူ ရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇွန် ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၅)ရက်နေ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇွန် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊…
ပဲခူးမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၂၁ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
ပဲခူး ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အစိုး…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေး
ပဲခူး ဇွန် ၁၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှု ရှိစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး ဇွန် ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၈ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၂၈)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စျေးရောင်းပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဗင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူးနှင့် ဇနီးတို့က သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်း နေသည့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် အောက်တိုဘာ ၂၆ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ ကမ်းနားလမ်း တစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် မြေထိန်းနံရံကြံ့ခိုင်မှုများ စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ မြို့မစျေးကြီးအတွင်း စျေးရုံအသစ် ဆောက်လုပ်နေမှုနှင့် စျေးရုံအဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လေဝင်လေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အောက်ခံမြေသား အမာခံရရှိရေး ဆောင်ရွက်ရန်၊ စျေးရုံအဟောင်းရှိ အမိုးများ အသစ်လဲလှယ်ရန်နှင့် ဆေးသုတ်ခြင်းလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်၊ စာနီစုကျေးရွာ၊ …
Read More »သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပြည် အောက်တိုဘာ ၂၅ ================== ပြည်မြို့၊သီရိခေတ္တရာမြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးရာတွင် အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသော ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွား ဆရာမများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်သူများအား အရည်အသွေးပြည့်ဝသော ပြုစုကုသ မှုပေးနိုင်ရေးအတွက် သူနာပြုစောင့်ရှောက်မှုတွင် အရည်အသွေးမြှင့်တင်ရန်၊ သူနာပြုများလိုက်နာရမည့် အခြေခံသူနာပြု ကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရန်၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ လေ့လာသင်ယူနိုင်ရန်လိုအပ်ကြောင်း၊ သူနာပြု-သားဖွားများအနေဖြင့် လူနာများနှင့်ဆက်ဆံသည့်အခါ ကိုယ်ချင်းစာနာမှုကို ရှေ့တန်းတင်ဆောင်ရွက်ခြင်းအားဖြင့် သူနာပြု-သားဖွားများ၏ စေတနာပိုမိုပေါ်လွင်လာ မှာဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်လက်ခံအားကိုးမှု တိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ အောင်လက်မှတ် အပ်နှင်းခံရသည့် မောင်/မယ်များအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်
ပဲခူး အောက်တိုဘာ ၁၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs ထုတ်ကုန်များ အရောင်းစင်တာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များက တိုင်းဒေသကြီး MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် …
Read More »