ပဲခူး မေ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေးအပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့်တို့အတူ တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စံပြမီးသတ်စခန်းဆုရရှိသည့် …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မေ ၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃)ရက်နေ့၊ မွန်းလွဲပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ မိုးသီးနှံစိုက်ပျိုးသည့် ရာသီရောက်ရှိ တော့ဖြစ်ရာ မြေအမျိုးအစားနှင့် စိုက်ပျိုးသီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူ အသိပညာပေး သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အဓိကအရေးပါသည့် သစ်ပင်စိုက်ပျိုးခြင်းများကို ရပ်ကွက်/ကျေးရွာ အလိုက် စုပေါင်း၍ တစ်အုပ်တစ်မ စိုက်ခင်းများ စိုက်ပျိုးသွားရန်နှင့် ပျိုးပင်ရရှိရေးကိုလည်း ပံ့ပိုးကူညီပေး သွားမှာဖြစ်ကြောင်း၊ …
Read More »(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့
ပဲခူး မေလ ၃ =========== ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြု လုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့ခဲ့သည်။ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းပေးကြသည်။ အဆိုပါ သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Power Point လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား …
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး မေ ၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က “အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ၏ အခန်းကဏ္ဍ”အား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် အလုပ်သမားနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ကိုယ်စားပြု “အံ့ခြူးကဗျာယိမ်းအဖွဲ့”က …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website