ပဲခူး ဇန်နဝါရီလ ၁၄ ========= ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ကြီး၌ ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွမ်းလွှဲပိုင်းက ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသောသံဝေဂသုံးဂါထာကိုရွတ်ဆိုပွားများ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ပဲခူးမြို့၊ဥဿာသီရိစာသင်တိုက် ဦးစီးမဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မိတ္ထိလာမြို့၊ ညောင်လွန်ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်
ပဲခူး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မ…
ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံ…
ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတု…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ…
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၂ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၆/၄)ရှိ ကြယ်နီသုံးလုံးရာဘာစက်ရုံ၌ ကျင်းပပြုလုပ်သည့် “Robusta” ကော်ဖီမျိုးစေ့ပေးအပ် ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်း ပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကော်ဖီသီးနှံသည် ကမ္ဘာ့ဈေးကွက်ရရှိနေသော သီးနှံဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင်ဖြစ်၍ နိုင်ငံမှ ကော်ဖီစိုက်ပျိုး နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများရှိသလို ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့်ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် “Robusta” မြေနိမ့်ကော်ဖီမျိုးများလည်းရှိကြောင်း၊ သစ်တောအစုအဖွဲ့ လုပ်ငန်းရှင်များ၊ နှစ်ရည်သီးနှံပင် စိုက်ပျိုးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေရရှိသလို “Robusta” ကော်ဖီကို သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် (၂)သီးပေါ်မှ ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုဖြန့်ဖြူးပေးမည့် “Robusta” ကော်ဖီမျိုးသည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၁ ============== ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ညောင်အင်းကျေးရွာ ဒုံးအဖွဲ့က “စည်းလုံးချင်းသည်အင်အား” သီးချင်းဖြင့်လည်းကောင်း၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “နှစ်ဦးပန်းများမွှေးပါစေ”သီချင်း၊ “လေလေ”ဒုံးအကဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၀ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံစိုက်ရာသီဖြစ်သော်လည်း လာမည့်နွေစပါးနှင့် မိုးစပါးအတွက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး စိုက်နည်းစနစ်များ အသိပညာ ပေးခြင်း၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရ မည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးမြေများအား မြေလပ်မရှိ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းရသည့် သွင်းအားစုများနှင့်ပတ်သက်၍ လျော့ချသုံးစွဲနိုင်ရေး အတွက် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မြေဆီလွှာစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံစိုက်ရာသီအတွင်း နွေစပါးနှင့် …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ကောလိပ်နှင့် သင်တန်းကျောင်းရှိ အဆောင်နေကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ အပတ်စဉ် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
ပဲခူး ဇန်နဝါရီ ၉ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတက္ကသိုလ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား/ သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်နှင့် သားဖွားသင်တန်း ကျောင်းများသို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်နေ ကျောင်းသား/သူများ၊ သင်တန်းသူ များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အပတ်စဉ်ရောင်းချပေးခြင်းဖြစ်၍ ဆန်၊ ဆီ၊ အသား/ငါး/ဥများ၊ ဟင်းသီးဟင်းရွက်များအပြင် အသင့်စား စားသုံးကုန်များနှင့် ဒေသထွက် အသားမျိုးစုံ ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် ဈေးလာရောက်ဝယ်ယူသည့် ဆရာ/ဆရာမများ၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website