နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၁ ==================           ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် အားကောင်းသောမုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ခြင်း၊ ချောင်း/မြစ်ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်/ချောင်းကမ်းနားရှိ ရပ်ကွက်/ကျေးရွာများအား မိုးလေဝသ အခြေအနေများ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ အားကစား ခန်းမများ၊ စာသင်ကျောင်းများတွင် …

Read More »

စိုက်ပျိုးနိုင်သောမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူလိုအပ် ချက်များ ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြောကြား

ပဲခူး မတ် ၁၈ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးနိုင် သော မြေဧရိယာဧက သိန်း(၃၀)ကျော်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပေါကြွယ်ဝကြောင်း၊ စိုက်ပျိုးနိုင်သော မြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင် သည့် (Quick Win) စိုက်ပျိုးရေးလုပ်ငန်းအား အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ (ဟင်းသီးဟင်းရွက်)စိုက်ခင်း များအား မြို့နယ်အလိုက်ဖော်ဆောင်သွားရန်နှင့် လိုအပ်ပါက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေး ခြင်းကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၆ ===============         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂၀၂၂ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ မတ် ၁၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သွားရောက် တွေ့ဆုံသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင် သာယာရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အသံကို နားထောင်ရန်လည်းလိုအပ်ကြောင်း၊ လမ်းမြေဧရိယာနှင့် ဌာနဆိုင်ရာဧရိယာများတွင် ကျူးကျော်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ယခုနှစ်ဘတ်ဂျက်တွင် လမ်း/ တံတား/ ရေ/ လျှပ်စစ်မီး အဓိကဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ပိုလျှံစေရေး နေကြာသီးသန့်စိုက်ဧက တိုးတက်ရန် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများတွင် အေးချမ်းတည်ငြိမ်စွာ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ မတ် ၁၁ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့တွင်းလမ်းပိုင်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်လမ်းပြင် အမှတ် အသား ဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ (၁)နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်ရေး၊ မြို့တွင်း/မြို့ပြင်သန့်ရှင်းသပ်ရပ်စေရေးမှာကြားခဲ့ကာ မြို့ဝင်လမ်းမီးလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး …

Read More »