ပဲခူး နိုဝင်ဘာ ၁၁ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့(၁၃)မှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော် ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူမ…
ရေမွန်းသောမွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်းသင်တန်း ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသက်ကယ်ပြု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သဲကုန်း ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လူငယ့်အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့်
ပြည် ဇန်နဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပန်းတောင်း ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး
နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ် စဉ်( ၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျော…
နောက်ဆုံးရသတင်းများ
ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၁၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန် သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဓါတ်လှေကားတပ်ဆင်ပြီးစီး ဖွင့်လှစ်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတို့၌ တပ်ဆင်ခဲ့သည့် ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံ ခဲ့ခြင်းတို့အတွက် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီးတွင် တပ်ဆင်ပြီးစီးခဲ့သည့် ဓါတ်လှေကားရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာ သည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်လှေကားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက် လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပဲခူး နိုဝင်ဘာ ၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့ တွင် ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်အရှေ့ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲ တော်လာ ပြည်သူများ၊ တန်ဆောင်တိုင်ပွဲသို့ လာရောက်သည့် ပြည်သူများ စုစုပေါင်း လူဦးရေ(၁)သောင်း စတုဒီသာကျွေးမွေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် နိုင်ငံကျော် အဆိုတော်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓော်စေတီတော်မြတ်ကြီးတွင်း ရွေ့လျား စက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၆ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ တပ်ဆင်ခဲ့သည် ရွေ့လျားစက်လှေကား ဖွင့်ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတို့အား နိုဝင်ဘာလ(၆)ရက်နေ့၊ ညနေပိုင်းက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာသည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က စက်လှေကားစတင် မောင်းနှင်နိုင်ရေး စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …
Read More »