ပဲခူး ဇူလိုင် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံး ကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ ဇူလိုင် ၅ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အေဒီ (၁၄၈၆-၁၅၃၁)အတွင်း မင်းကြီးညိုတည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများသည် တန်ဖိုးမဖြတ်နိုင် သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ နှစ်စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ထိန်းသိမ်းခြင်း၊ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အထင်ကရ နေရာများ၊ အဆောက်အအုံများနှင့် မြို့တံခါးပေါက်များအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးရှေးဟောင်းသုတေသနဦးစီးမှူးတို့က ကေတုမတီမြိို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသသို့ ဇွန်လအတွင်း ပြည်ပခရီးသွားအုပ်စုလိုက်(၇)ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/ တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး မြင့်မားပြီး လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်များပေး နိုင်ရေး …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ မိုးနှမ်းစံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး နှမ်းစိုက်တောင်သူများအား စတင်မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ရိတ်သိမ်းခြင်းအဆင့်ဆင့်အား လက်တွေ့ခေါ်ယူပြသ အသိပညာပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေ ပေးရန်၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ဇုံများသတ်မှတ်ပေးထားပြီးဖြစ်ကာ ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသော လက်ဆွဲကောက်စိုက်စက်များဖြင့် …
Read More »၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများသည် လက်ဆင့်ကမ်းသွားမည့် မျိုးဆက်သစ်လူငယ်များကို ကျန်းမာခြင်း၊ ရောဂါကင်းစင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုး စေခြင်းများကို မွေးဖွားခြင်းမှအစ အရွယ်ရောက်သည်အထိ ပဲ့ကိုင်ထိန်းသိမ်းစောင့်ရှောက်သွားသည်မှာ အမျိုးသမီးများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website