ပဲခူး အောက်တိုဘာ ၁၈ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းခန်းမ၌ သားဖွားသင်တန်း အပတ်စဉ်(၁၀၃)၊ ဒုတိယနှစ်သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းကာလ(၆)လအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ကျောင်းအုပ်ကြီးနှင့်သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သင်တန်းစာသင်ဆောင်များ၊ လက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်နှင့် ထမင်းစားဆောင်များ အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း အပတ်စဉ်(၁၀၃)၊ …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၁၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့အတွင်း အသက်(၁၂)နှစ် နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာထိုးသူ ကျောင်းသား/သူများ၊ တာဝန်ကျ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်နှင့်အဟာရမုန့်များ ထောက်ပံ့ပေးအပ် ခဲ့သည်။ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၂၂၄)ကျောင်း အတွက် ဆေးထိုးစုရပ်(၂၁)ခုတွင် အောက်တိုဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အထိ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူ (၁၄၀၄၄)ဦးအား …
Read More »ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၅ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အပေါ် အခြေခံ၍ ရေးဆွဲထား ခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ပြီး သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် …
Read More »ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်မြေအခြားနည်းအသုံးပြုခွင့်များနှင့် ပတ်သက်၍ စိုက်ပျိုးမြေများအတွင်း မြို့သစ်ဖော်ထုတ်ခြင်း၊ စက်ရုံတည်ဆောက်ခြင်းနှင့် အိမ်ရာမြေ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာမြေများအပေါ် မည်သည့် လုပ်ငန်းကိုမျှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊ တောင်သူလယ်သမားများ ဓာတ်မြေဩဇာ သွင်းအားစုစရိတ်ကြီးမြင့်မှုပေါ် ပြန်လည်ကုစားပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအစီ အစဉ်ဖြင့် မကြာမီ ဓာတ်မြေဩဇာ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် စီစဉ်ထားရှိပြီးဖြစ်၍ တောင်သူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျ ကြီးကြပ် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ========================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီးတောင်ဘက်မုခ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့၊ မင်္ဂလာအခါ တော်အချိန် နံနက်(၉:၃၆)နာရီအချိန်က ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက နေ့နံအလိုက် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအခါတော်အချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများက ပန္နက်တော်တင်ခြင်း၊ အမွှေးနံသာရေများ ပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရာ ဩဝါဒါစရိယ ဆရာတော်/သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစရှိသည့် အောင်ဂါထာ (၃)ပိုဒ်ကို ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာကုန်းစေတီတော် ဓမ္မာဗိမာန်တော်ကြီး၌ အခမ်းအနား ဒုတိယပိုင်းကျင်းပ ပြုလုပ်ရာ ဆရာတော်/ သံဃာတော်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website