နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ပြန်လည်အပ်နှံသည့် ကိုင်းမြေအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံ

FI

စက်တင်ဘာ ၂ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံက်(၉)နာရီအချိန်က ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ ကြို့ပင်ကောက်မြို့နယ် ရှားပင်ထကျေးရွာအုပ်စု ကွင်းအမှတ်(၅၂၆/၅၂၉)ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည့် ကိုင်းမြေဧရိယာ(၂၂၈)နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်၊ ရွာသစ်ရွာအခြေခံပညာမူလတန်းကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ယခုစွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး ပြန်လည်ခွဲဝေပေးရာတွင် အဆင်ပြေမှုရှိ/မရှိ သိရှိနိုင်ရန်နှင့် လုပ်ငန်းပြန်လည်လုပ်ဆောင်ရာတွင်လည်း အဆင်ပြေချောမွေ့မှု ရှိ/မရှိသိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ရရှိမြေများကို မိမိတို့အကျိုး၊ နိုင်ငံအကျိုး၊ ဒေသအကျိုး ဖြစ်ထွန်းအောင်ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းသိန်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူး …

Read More »

စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် မိုးလေဝသသတင်း ထုတ်ပြန်ချက်

1-9-2017

စက်တင်ဘာ ၁ (ပဲခူး) ==================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်း(၈၀)ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၅)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

သြဂုတ် ၃၁ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၇)ပထမနေ့ အစည်းအဝေးကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၇၁)ဦးတက်ရောက်ကြသည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ခွင့်ပန်ကြားခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည် အာဆီယံနေ့ သဝဏ်လွှာအား မှတ်တမ်းတင်သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့အစည်းအဝေးသည် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တောင်းခံနိုင်ရေးအတွက် တိုင်းဒေသကြီး လွှတ်တော်သို့ အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သော ဖြည့်စွက်ငွေကို ပဏာမဆွေးနွေး အတည်ပြုနိုင်ရေး အထူးအစည်းအဝေး တစ်ရပ်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကာလ …

Read More »

e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လာရောက်အကြံပြုဆွေးနွေး

FI

သြဂုတ် ၃၀ (ပဲခူး) ================================================ သြဂုတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့  e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ G3 Group Limited မှ ဦးအောင်စိုးမိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဦးအောင်စိုးမိုးက e-Government လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် စတင်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဒီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းအားဖြင့်  နိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အစိုးရ၏ ဆောင်ရွက်မှုများကို ICT ဖြင့် ပြောင်းလဲလုပ်ဆောင်ပေးနိုင်ခြင်း၊ အစိုးရ၏ ဝန်ဆောင်မှုနှင့် အပြန်အလှန်ဆက်ဆံမှုများကို နိုင်ငံသားများ အလွယ်တကူ ရရှိနိုင်ခြင်း၊ အစိုးရလုပ်ငန်းများ ထိရောက်မှု၊ မြန်ဆန်မှုရှိခြင်းနှင့် အစိုးရမှ လိုက်လျောတုံ့ပြန်မှုချက်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် စသည့်အကျိုး ကျေးဇူးများရရှိနိုင်ပါကြောင်း အကြုံပြုဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရသည် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား …

Read More »