သာယာဝတီ ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ဆရာစံမြို့သစ်၊ အလယ်ကုန်းရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတေး၏ နို့စားနွားကောင်ရေ (၅၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်နွားနို့များ လေလွင့်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နို့ပေါင်းစက်နှင့် အအေးပေးစက်များထားရှိရန်၊ ခြံလှောင် မွေးမြူမှုစနစ်မှရရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန််၊ ထွက်ရှိလာ သည့် နွားနို့များအား ကုန်ကြမ်းအဆင့်အဖြစ် မရောင်းချပဲ တန်ဖိုးမြှင့်နို့ထွက်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် နေဗီယာမြက်တိုးချဲ့စိုက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်န…
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၁)ရက်န…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၁)ကြိမ်မြောက် လစဉ်အငြိမ်းစား…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယ)ည ကျင်းပ
ပဲခူး ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ ဧပြီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဧပြီ ၁၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ည ကျင်းပ
ပဲခူး ဧပြီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္က…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
တောင်ငူ ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ “အောင်နိုင်တိုး” မျိုးစေ့ထုတ်စိုက်ခြင်း (၂၀)ဧက အောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ သည့် မျိုးကောင်းမျိုးသန့်များအား တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် တောင်သူ အချင်းချင်း ဖြန့်ဝေခြင်းများသည် မြို့နယ်အလိုက် အထွက်နှုန်းကောင်းမျိုးများ အလျင်အမြန်ဖူလုံစေမှာ ဖြစ်သည့်အတွက် အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ သွင်းအားစုများ ချီးမြှင့်ပေးအပ် ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိ ရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်း နေမှုများအား ကွင်းဆင်းကြည့်ရှု
တောင်ငူ ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန် နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အုတ်တွင်း မြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ် စံပြစိုက်ခင်း ဧက(၃၀၀) ပေါင်းလိုက်၊ သမန်းနှိုး၊မြေဩဇာကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ သွင်းအားစုသုံးစွဲမှုလျော့ကျစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) စိုက်ပျိုးရန်၊ ဒေသကျွဲနွားများ ပြုန်းတီး မှုမရှိစေရေး ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူရန်၊ ရေသွင်းရေထုတ်မြောင်းများ ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မိုးစပါးစိုက်တောင်သူများထံ သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၂ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ မိုးလုံလေလုံအားကစားရုံ၌ ဩဂုတ်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသမီးအားကစားအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အသင်းလိုက်(၉)ဦးပြိုင်ပွဲ၊ အသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် တစ်ဦးချင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိ သော ဇီးကုန်းမြို့နယ်၊ ဒုတိယရရှိသော ရွှေတောင်မြို့နယ်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးဒူးရင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၁ ပဲခူးမြို့၊ သီရိဟံသာအစည်းအဝေးခန်း၌ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် ပါဝင်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကအခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဆိုသည့်အတိုင်း ပဲခူး တိုင်းဒေသကြီးအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မြန်မာ့ဒူးရင်းသီးနှံဝယ်လိုအားရှိသည့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ဈေးကွက်သေချာသည့် အရည်အသွေးကောင်း ဒူးရင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ဒူးရင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website