တောင်ငူ ဇွန် ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ် တတ်သည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရေးအတွက် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၇ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကူးဈေးတံတားအနီး၌ ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ယာယီမဏ္ဍပ်သို့ ရောက်ရှိလာရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစ်ချောင်းအနီးရှိ နေထိုင်သူများအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုသတိပေးချက်အား စက်လှေများဖြင့် ရေဘေး ခိုလှုံရာစခန်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး လိုက်လံအသိပေးနိုးဆော်ခဲ့ကြသည်။ ထို့နောက် ရေဝင်ရောက်သည့် ရပ်ကွက်များမှ ပြည်သူများအား ရေဘေးလွတ်ရာသို့ တာဝန်ရှိသူ များက မြေပြင်မှ ပြောင်းရွေ့ပေးခြင်း၊ ရေပြင်မှ အသက်ကယ်လှေများဖြင့် ကူညီပြောင်းရွေ့ ပေးခြင်းတို့ အား သရုပ်ပြသခဲ့ကြသည်။ …
Read More »တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦ များတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်
တောင်ငူ ဇွန် ၁၇ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ် ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၄၄)ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂၄၃)ဦး၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၉၇)လုံးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ(၂၅)ခု ရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၂)ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ(၄၄)ဦးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းနှင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ(၃)သိန်း စုစုပေါင်း(၂၃)သိန်းနှုန်း ဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ လုံးဝပျက်စီး နေအိမ်(၉၇)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်(၃၅)သိန်းနှုန်းဖြင့်လည်းကောင်း …
Read More »ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း ဇွန် ၁၆ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်(၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်း သတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ လွှဲပြောင်းပေးအပ်
ပဲခူး ဇွန် ၁၅ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေ ကယ်ဆယ်ရေးမီးသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးမီးသတ်ယာဉ်နှင့် မီးသတ်အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက် များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုနှင့် မြို့တွင်းဝင်/ထွက်လမ်းကို …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website