နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပ

ပဲခူး ဩဂုတ် ၂၆           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ပူဇော် ခဲ့ကြသည်။          ရှေးဦးစွာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ် ကို ရိုသေစွာ နာယူကြည်ညိုကြသည်။         ထို့‌နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်

ပဲခူး ဩဂုတ် ၂၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၌ တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးဖြစ်သည့် တောင်ပျံမွှေး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ် နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် တန်ဖိုးမြင့်စပါးမျိုးများသည်  ပြည်တွင်းစားသုံးမှု အတွက် ဈေးကွက်ရရှိထားပြီး ပြည်ပပို့ကုန်အထိ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ခေါင်နှံစနစ်ဖြင့် မျိုးသန့်ခြင်း၊ မျိုးပွားခြင်းများကို ဆောင်ရွက်သွားရန်နှင့် တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်ဧကကွက်များဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ချိုချိုဝင်း၏ “ချိုချိုစံ” ယက္ကန်းအလုပ်ရုံနှင့် စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွှေတောင်ဒေသသည် အထည်အလိပ် လုပ်ငန်းများ ရေခံမြေခံကောင်းမွန်ခဲ့သော ဒေသဖြစ်၍ ဒေသထွက်ဝါကုန်ကြမ်းများဖြင့် ကုန်ချောအဆင့်ထိ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းဆန်းများရေး ထုတ်လုပ်ရောင်းချရန်နှင့် ချည်ထည်များအား သေသပ်လှပသော နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုပုံစံများဖြင့် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ တည်ကုန်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ကြို့ရသာကျေးရွာ၌ ဦးအောင်ဇင်မင်း၏ “A One” လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ Mobile ပဲအမျိုးမျိုးခြွေလှေ့စက်နှင့် ပဲရိတ်သိမ်းစက် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်သည့် ဘက်စုံသုံးလယ်ယာသုံးစက်ကိရိယာများ ဆက်လက်ထုတ်လုပ်ရန်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ မှာယူထားသည့် လယ်ယာသုံးစက် ကိရိယာများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများလွယ်ကူစွာရရှိရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စက်သုံးဆီလျော့ချသုံးစွဲနိုင်ရန် ပြည်မြို့၊ ရွှေဝါထွန်း လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းဦးမှ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မွေးမြူရေးဇုံသို့ သွားရောက်ခဲ့ရာ ရှင်းလင်းဆောင်၌ တိရစ္ဆာန်မွေးမြူမှုထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအား ဒေသထွက်အစာများဖြင့် မွေးမြူနိုင်ရေး၊ သောက်သုံးရေပြည့်ဝစွာရရှိရေး၊ စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးသွားရန်နှင့် ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မွေးမြူရေးဇုံအတွင်း၌ မွေးမြူထား ရှိသည့် ဒေသနွား၊ ဒေသကြက်၊ ဒေသဆိတ်နှင့် အသားစားကြက် မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ ပြီး …

Read More »