နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၁၄      အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ် လေ့ကျင့်ပေးနိုင်ရေးနှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက ပဲခူးခရိုင် အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ သာယာဝတီခရိုင် အသင်းက (၂:၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် နေရာအလိုက် (အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေး၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စေရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူများ အကြား သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရေးတို့အတွက် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လူသားတို့ အသက်ရှင် ရပ်တည်နိုင်ရေး သဘာဝကပေးထားသည့် လေသန့်စင်စက်ကြီးများပင်ဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၌ ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ သည်။           ထို့နောက် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး

ပဲခူး ဇွန် ၁၁           ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ (သီရိဟံသာခန်းမ)၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ ပွဲ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ (၃)နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလို ရဲမှုထမ်း ဟောင်းများကို ကျန်းကျန်းမာမာ တွေ့ရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံ့တော်၏ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ချီးမြှောက်သည့်အနေဖြင့် ကျန်းမာရေးနှင့် စာဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ အထူးအလေးထား ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း အခြေခံစားသုံးကုန်များကို ပံ့ပိုးပေးရန်နှင့် သီးခြားလိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၀           ပဲခူးမြို့၊ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ပေးခဲ့သည်။           ရှေးဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀)(၄)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ စည်စည်ကားကား ကြည့်ရှု့အားပေးကြသည်။           ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)ပြိုင်၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး  မီတာ(၁၀၀)(၄)ယောက်တွဲပြိုင်ပွဲ၊ …

Read More »