Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 27)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ်လ ၂၄ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၂၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …

Read More »

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး မတ်လ ၂၃ ===========           (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်း ပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားဖွင့်ပွဲအား မတ်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူလသနပ်ပင်မြို့တွင်းတံတားသည် တစ်လမ်း သွားဘေလီတံတားဖြစ်ပြီး တံတားပေါ်ယာဉ်ဖြတ်သန်းစဉ် အခြားဘက်မှ ယာဉ်များစောင့်ဆိုင်းရခြင်း၊ ယာဉ် တစ်စီးချင်းစီသာ ဖြေးဖြေးမောင်းနှင့်ဖြတ်သန်းရခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက် ယာဉ်ကြောကြပ်တည်းခြင်းနှင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများ ကင်းဝေးစေရန်၊ သနပ်ပင်မြို့အတွက် သာမက သီလဝါအထိ ချိတ်ဆက်မည့် လမ်းမကြီးပေါ်တွင် တည်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန် သွက်လက် စေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်လျက်ရှိသည့် သနပ်ပင်မြို့တွင်းတံတားအား နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၃၇၁၇)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက သနပ်ပင်မြို့တွင်းတံတား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၂)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ဒေသထွက်ကုန်များအား တိုင်းဒေသကြီးမှ တစ်ဆင့်  ပြည်တွင်းဈေးကွက်သို့ ချဲ့ထွင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်သွားရမှာဖြစ်သလို MSMEs လုပ်ငန်းရှင်များအတွက်လည်း လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများ ဖန်တီး ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ဆီထွက်သီးနှံ ပဲမျိုးစုံထွက်ရှိရာဒေသလည်းဖြစ်၍ အသေးစား ဆီစက်များ တစ်ပိုင်တစ်နိုင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၆)ကြိမ်မြောက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေး

ပဲခူး မတ် ၂၁ =========== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၆)ကြိမ်မြောက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အပြည့်အဝကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၉)ရက်နေ့၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘုရားစေတီပုထိုးများ၊ ကမ္ဘောဇသာဒီ နန်းတော်ရာများကို လာရောက်လည်ပတ်မှု အများဆုံးဖြစ်၍ ပြည်ပခရီးသွားများ လာရောက်လည်ပတ် မှုများသည့် နေရာများတွင် Public Toilet များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ဆောင်မှုကောင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ခရီးသွား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လက်ရှိခရီးစဉ်ဒေသ များအပြင် ဒေသထွက် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာရေးခရီးစဉ်သစ်များလည်း ဖော်ထုတ် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်/တမံများ ပေါများပြီး လှပသော သဘာဝပတ်ဝန်းကျင် များရှိ၍ Eco Resort များ တည်ဆောက်နိုင်ရေး …

Read More »

ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတေီတော်မြတ်ကြီး ငှက်မြတ်နားတော်နှင့် စိန်ဖူးတင်တော် တင်လှူပွဲ

ပဲခူး မတ် ၁၇ ========== ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတေီတော်မြတ်ကြီး ငှက်မြတ်နားတော်နှင့် စိန်ဖူးတင်တော် တင်လှူပွဲ

Read More »

သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံ နွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၁၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ထားမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာသို့ရောက်ရှိခဲ့ပြီး ကျိုက်ပဒိုင်ကွင်းသည် ရေကြီးရေနက်ကွင်းဖြစ်ပြီး ယခင်က ရေကျနောက်စိုက် နွေစပါး(၁)သီးသာ လယ်မြေအနည်းငယ်တွင် စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သော်လည်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ယခုအခါ နွေစပါး(၂)သီး၊ မြေ ဧရိယာ(၂၀၂၀)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်ကို လက်တွေ့တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့်  မိရိုးဖလာစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၊  မျိုးကောင်းမျိုးသန့် ပြောင်းလဲခြင်း နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံလယ်သမားများ၏ စိုက်ပျိုးမြေများ အဆင့်မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ အချိန်တိုအတွင်း တိုးတက်ထုတ်လုပ် ရရှိခဲ့ခြင်းကို …

Read More »

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၅ ===========           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတု ဆေးဝါးများ၊ အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအား အရင်းအမြစ်များ ပျက်စီးဆုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဌာန်းရခြင်းဖြစ်ကြောင်း၊ စားသုံးသူများသည် …

Read More »

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၁၄ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်း က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေစပါးစိုက်ဧကများသည် တစ်နှစ်(၃)သီး စိုက်ဧကများဖြစ်၍ ရာသီချိန်မီစိုက်ပျိုးနိုင်ရန် လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါ၊ ကြံ၊ မြေပဲတို့အား စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ပေးနိုင်ခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခဲ့ပြီးဖြစ်၍ လာမည့်နှစ်တွင် ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ထပ်မံကြိုးစားဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ နေကြာအား သီးညှပ်အစား အမှန်တကယ်စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာများ သေချာစိစစ်ရွေးချယ်၍ သီးသန့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ အေးချမ်းလုံခြုံစွာ ဖြေဆို နေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းလုံခြုံစွာ တက္ကသိုလ် ဝင်တန်း(Grade-12) စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးမှ တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းကျန်းမာရေး များ စနစ်တကျထားရှိသွားရန်နှင့် စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »