Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 28)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး (၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကျေးရွာ၊ စစ်တောင်းတူးမြောင်း(အရှေ့ဘက်)ရှိ ကျိုက်ပဒိုင်ကွင်း မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကျိုက်ပဒိုင်ရေကြီးရေနက်ကွင်း လယ်မြေများနှင့်ပတ်သက်၍ နှစ်စဉ် ရေဝင် ရောက်မှုကြောင့် တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်မြေများအတွင်း ရေဝင်/ရေထွက်ပေါက်များ ပြန်လည် ပြုပြင်ပေးရန်၊ လယ်သမားတာအား အပိုင်းလိုက် ပြန်လည်အဆင့်မြှင့်တင်ပေးရန်နှင့် (၆)ပေအကျယ် ရေတံခါးတပ်ဆင်ပေးရန်၊ စိုက်ပျိုးချိန်အမီ ဆင်ဖြူးရိုးချောင်းနှင့် မိချောင်းရိုးချောင်းတို့အား ပြန်လည်တူးဖော်ပေးရန်၊ မိုးစပါးစိုက်ပျိုးသည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး ဇူလိုင် ၂၄ ==========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါ လျက် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြေပြင်ကွင်းဆင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကလိကျေးရွာ၌ မိုးစပါး ရက်(၉၀)စပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း(၂၀)ဧကနှင့် ကမာနတ်ကျေးရွာ၊ ပဲခူးမျိုးသန့်ခြံ၌ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၁၀)တို့တွင် ပျိုးထောင်ကောက်စိုက် နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး မျိုးစေ့ ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသခံတောင်သူများကိုလည်း အစုအဖွဲ့စနစ်ဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးရန်၊ မြို့နယ်များရှိ မျိုးစေ့သန့်စင်စက်များနှင့် မျိုးသန့်သိုလှောင်ရုံများအား ပြန်လည်အဆင့် မြှင့်တင်ထားရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊မြေ၊ရေ၊နည်း စနစ်တကျ …

Read More »

ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ် ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၃ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဈေးအရောင်းဆိုင်များနှင့် ဈေးရုံကြီးများ ပြန်လည်အဆင့်မြှင့်တင်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယခုထက် အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများ တင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဥ၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။           …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ ဇူလိုင် ၂၂ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့မစျေးရှိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စိစဉ်လမ်းညွှန်မှုဖြင့် ဇွန်လ(၁၇)ရက်နေ့မှစ၍ မြို့နယ်အလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး သန့်ရှင်းလတ်ဆတ်ပြီး အမှန်တကယ်သက်သာသော နှုန်းထားဖြင့် ရောင်းချသွားနိုင်ရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအား ဖိတ်ခေါ်၍  ဈေးဆိုင်ခန်းများ တိုးချဲ့ရောင်းချရန်နှင့် အခြေခံစားသုံး ကုန်များ အကန့်အသက်မရှိ ရောင်းချနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကြီးကျေးရွာရှိ မိုးစပါး ဧက(၁၀၀) တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြကွက် ပျိုးထောင်စိုက်ပျိုးနေမှုအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မင်းလှ ဇူလိုင် ၂၀ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇူလိုင်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။                  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းအတွင်း သိန်းရွှေကုမ္ပဏီ၏ ငါးမွေးမြူရေးကန်နှင့် ဥစားကြက် မွေးမြူရေးခြံများသို့ သွားရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက် စိုက်ပျိုးထားရှိမှုနှင့် မြေယာအသုံးချမှု အခြေ အနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ငါးမွေးမြူရေးကန်များနှင့် ဥစားကြက် မွေးမြူရေးခြံများသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး တိရစ္ဆာန် အမျိုးအစားအလိုက် ကျွေးမွေးရမည့် မြက်မျိုးများ ရှာဖွေသုတေသနပြုရေး၊ …

Read More »

စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၉ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း (၁)သီးစိုက်ဧကများ လျော့နည်းစေရေး နည်းလမ်းပေါင်းစုံဖြင့် လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သွင်းအားစုများနှင့်ပတ်သက်၍ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး မျိုးစေ့များရရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဇူလိုင်လအကုန် မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကောင်း သော မျိုးကောင်းမျိုးသန့် ပြောင်းလဲရွေးချယ် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ကြားရှိ မြေနုကျွန်းများ၊ ယာမြေများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၈ =============== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊  တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၇ =========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူ ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေါ်အေးအေးဝင်း၏ အေဝမ်းမုန့်ဖတ်ခြောက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် လျှပ်စစ်မီးအစားထိုးသုံးနိုင်ရေး Gasifier တပ်ဆင်အသုံးပြုရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲလင်းထွန်း ၏ ကောင်ရေ(၈၀၀၀၀)ကျော်ရှိသည့် ရွှေဝါအအေးခန်း ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှု ဖူလုံပိုလျှံနိုင်ရေး တိုးချဲ့ထုတ်လုပ်မွေးမြူရန်၊ တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကြက်ခြံအတွင်း …

Read More »

၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဇူလိုင် ၁၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီးဖူဆယ်အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်းမှာလည်း ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ အနေအထိုင်၊ အစား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝေါ    ဇူလိုင် ၁၂ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တိုက်ရိုက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိပါက ဒေသတွင်းစားရေရိက္ခာ ဖူလုံပိုလျှံမည်ဖြစ်ကာ စားသုံးကုန်များ အထိုက် အလျောက် စျေးနှုန်းကျဆင်းသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် အဆင့်မြင့် စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက် Gasifier …

Read More »