Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 27)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့

တောင်ငူ ဩဂုတ် ၅ =================             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက  တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။              ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ နတ်သျှင်နောင်ရပ်ကွက်၊ ဦးမြတ်သီဟ၏ မြတ်ပဲမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဘေးကင်း လုံခြုံသော အစားအစာဖြစ်စေရန် FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက်  တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သောမိုးစပါးဧကများအတွက် လိုအပ်သော ပျိုးပင်နှင့် မျိုးစပါးရရှိရေး၊ ထိခိုက်ဧကများအား သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ကင်းဆင်းစစ်ဆေးရန် နှင့် မန်းကျည်စင်ချောင်း ပြန်လည်တူးဖော်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ …

Read More »

နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၄ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု ပြဌာန်းထားပြီးဖြစ်ကာ ရရှိသည့်အခွန်ငွေများ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေရပြီး ရသင့်ရထိုက်သည့်အခွန်များကို အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိပဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံ ဆောင်ရွက် ရန် ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ အခွန်ရငွေလျာထားချက်နှင့် ကောက်ခံရရှိမှု ကာလတူနှိုင်းယှဉ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ Robusta ကော်ဖီ(၂၃၇)ဧကနှင့် ကိုကိုးသီးနှံဧက(၇၀၀) စတင် စိုက်ပျိုးမည်ဖြစ်

ပဲခူး ဩဂုတ် ၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၃) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်သဖြင့် လာမည့်နွေစပါး စိုက်ရာသီအတွက် ယခုအချိန် ကတည်းက စိုက်ပျိုးရေအား စနစ်တကျသုံးစွဲရန်နှင့် ချောင်းပိတ်/မြောင်းပိတ် လု်ပငန်းများ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ ကြိုတင် စုဆောင်း ဖြန့်ဝေပေးထားရန်လိုအပ်ပြီး မိုးရေချိန်များ၍ ရေနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ပြန်လည်ကုစားနိုင်ရေး ပျိုးခင်းများကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဒေသခံ တောင်သူများအား ခေါင်နှံဖြင့် မျိုးစပါးပြန်လည်အသုံးပြုနိုင်ရေး အသိပညာပေးရန်နှင့် တစ်နှစ်(၃)သီးစိုက် မြေနေရာများတွင် စိုက်ချိန်မှန်၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု အဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပြီး သဲဆန်ကုန်းကြောမြေနှင့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်(၂)သီး သီးထပ်တိုးချဲ့စိုက်ပျိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂ =================         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အိုးဘိုကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်ရန် အချက်အလက်များအား ပဲခူးခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ တာဝန်ရှိသူများက မှတ်တမ်းဗွီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။           အဆိုပါ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မှာယူ ခဲ့ပြီး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ပဲခူးခရိုင်အတွင်းရှိ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင် ၃၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဦးထွန်းသိန်း၏ ငုံးကောင်ရေ(၁၀၀၀၀) မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး အသားနှင့်ဥ ထုတ်လုပ်မှု တိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းနောက် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးလှသန်း၏ ဆင်းသုခမျိုးစပါး ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကြဲခင်းစနစ်များ ပပျောက်နိုင်ရေးနှင့် သွင်းအားစုများအား သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ဒိုက်ဦး ဇူလိုင် ၃၀ =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် စနစ်ကျလယ်ယာမြေဧရိယာ (၁၂၀) ဧက၌ ကောက်စိုက်စက်ဖြင့် ရက်(၉၀)စပါးမျိုး စိုက်ပျိုးသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခ တောင်သူများနှင့်တွေ့ဆုံကာ တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှု၊ သဘာဝမြေဩဇာ ပိုက်ဆံလျှော်တိုးချဲ့စိုက်ပျိုးရန်၊ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရန် ရေသွင်းမြောင်းများ ပိတ်ဆို့မှု မရှိစေရေးဆောင်ရွက်ရန်၊ လယ်ဘေးပလပ်မြေများတွင် နေဗီယာမြက်စိုက်ပျိုးရန် တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် မျိုးစေ့များ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၇၉.၀၉၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၂၃၅.၇၇၅)သန်း တိုးတက် ဝင်ရောက်ခဲ့

ပဲခူး ဇူလိုင် ၂၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် စီးပွားရေးအရမဟာဗျူဟာကျပြီး တည်ငြိမ်အေးချမ်းမှုများကြောင့် ဇူလိုင်လ တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂.၈၁၂)သန်း တိုးတက်ဝင်ရောက်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ပြီး လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်ရေး ဥပဒေနှင့်အညီ …

Read More »

အသိပညာပေး ပိုစတာ၊ ဗွီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ပဲခူး ဇူလိုင် ၂၇ =============== အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗွီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အသေးစိတ်ဖတ်ရှုရန်——————–

Read More »

သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်း အနားကျင်းပ

ပဲခူး ဇူလိုင် ၂၇ =================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုး ထောင်ရေးစင်တာ၌ ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းက သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် …

Read More »

တိုင်းဒေသကြီးအတွင်း စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် နှစ်စဉ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီး/ရေနက်ကွင်းများ၊ သဲဆန်ကုန်းကြောမြေများနှင့် အခြားမြေများတွင် တစ်နှစ် (၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး အသေးစိတ်တင်ပြပေးရန်ဖြစ်ပြီး လိုအပ်ချက်များ ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုး သီးနှံအလိုက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စနစ်တကျ ပြောင်းလဲမှသာ  ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ပြီး အောက်ခြေတောင်သူများအထိ အသိပညာပေးခြင်း များ၊ ယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုး၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကသီးနှံ(၁၀)မျိုးတွင် ပန်းတိုင်အထွက် နှုန်းရရှိရန် နီးကပ်နေသည့်သီးနှံများအားလုံး ယခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး …

Read More »