ပဲခူး မေ ၂ ============ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မေလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းတောင်(ခ)ကလပ်အသင်းနှင့် ပဲခူးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထရရှိသော ဒိုက်ဦးကလပ်အသင်း၊ တတိယဆုရရှိသော ရုံးကြီးအသင်း၊ ဒုတိယဆုရရှိသော ဇိုင်းတောင်(ခ)ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်က တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုတို့အား လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုများဖြစ်သည့် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆုနှင့် စပေးဘောအကောင်းဆုံးဆုများ ရရှိကြသည့် အားကစားသမား များအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website