Home / 2021 / May / 31

Daily Archives: May 31, 2021

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၃၁ =======================       ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေလ(၃၁) ရက်နေ့ ညနေ(၃:၃၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။        အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်းဒေသကြီး/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ တက်ရောက်ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းနှင့် သာယာဝတီ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ပဲခူးခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။      ထို့နောက် ညနေ(၅:၃၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မေ ၃၁ ==========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့ နံနက်ပိုင်းက အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်းရှိ မြေနန်းပြဿဒ်ဆောင်နှင့် ဘမရာသနပလ္လင်တော်ဆောင်သို့ သွားရောက်ခဲ့ပြီး နန်းတော်ကုန်း ပြန်လည်တူးဖော်စဉ် ရရှိခဲ့သည့် ကျွန်းတိုင်များ၊ မှတ်တမ်းဓါတ်ပုံများပြသထားရှိမှုနှင့် ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က လိုက်လံရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ္ဘောဇသာဒီနန်းတော်အား ၁၅၅၆ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးက တည်ဆောက်ခဲ့ပြီး ၁၆ရာစုရှိ မြန်မာ့အင်ပါယာ၏ ခန့်ငြားထည်ဝါမှုကို ဖော်ပြနေသော ပြယုဒ်ဖြစ်၍ ရေရှည်တည်တံ့စေရေး၊ နောင်မျိုးဆက်သစ်များထိတိုင် မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း၊ ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ရှေးမူလက်ရာမပျက် …

Read More »