Home / 2021 / May / 07

Daily Archives: May 7, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မေ ၇ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ (၇)ရက်နေ့၊ နံနက်ပိုင်းက ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဝါးကတုတ်သစ်တောပျိုးဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်းနှင့် မြို့နယ်တာဝန်ခံ ဦးအောင်မင်းသူတို့က ဝါးကတုတ် သစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် နှစ်အလိုက် သစ်တောစိုက်ခင်းများသို့ ပျိုးပင်ဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ပျိုးခြင်းသည် အကောင်းဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်၍ တစ်ပင်စိုက် တစ်ပင်ရှင်စနစ် ကို အလေးထား အကောင်အထည်ဖော် …

Read More »