Home / 2021 / May / 25

Daily Archives: May 25, 2021

ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ဝန်ထမ်းများမှ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ===================           ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့၊ နံနက်(၉:၃၀) အချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အကြိမ်(၇၀)မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြလုပ်ရာ  ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပဲခူးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများက ရွှေမော်ဓော စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် ကျောက်ပန်းတောင်းဓမ္မာရုံမှ စတင်ထွက်ခွာခဲ့ပြီး ရင်ပြင်တော်အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကာ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ကန့်တော့ခဲ့ကြောင်း သိရှိရသည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ————————–        ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့ နံနက်ပိုင်းအချိန်က အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များက အာရုံခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီးဝလံများနှင့် ပန်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။      ထို့နောက် နံနက်(၅:၃၀)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင် အခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား “ဇယန္တော ဗောဓိယမူလေ” စသည့်ဗုဒ္ဓါဘိသေကဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်ကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ …

Read More »