Home / 2021 / May / 04

Daily Archives: May 4, 2021

မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှာကြား

ပဲခူး မေ ၄ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၄)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ‌ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး လူဦးရေ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု လျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချ မှုဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် အလွန်အရေးကြီး ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ …

Read More »