ပဲခူး မေ ၈ ============ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မေလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်အသင်းနှင့် နေလင်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထဆုရရှိသော ဇိုင်းတောင် ကလပ်အသင်းနှင့် တတိယဆုရရှိသော ရွှေကျင်ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဒိုက်ဦးကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁) ဗိုလ်မှူးကြီးလှမျိုးရွှေကလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသူ အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website