သာယာဝတီ ဩဂုတ် ၁၂ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သာယာဝတီခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့အဝင် မီးနင်းချောင်း လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးနှင့် စစ်ဆေးရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းကြော ပိတ်ဆို့မှုမရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သာယာဝတီ ဆေးရုံအတွက် တည်ဆောက်ပြီးစီးသည့် Oxygen Plant မှ အောင်စီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်မှု ပြတ်တောက်ခြင်းမရှိစေရေး 200 KVA ထရန်စဖော်မာ တပ်ဆင်ပေးရန် ဖြည့်ဆည်းပေးခဲ့ပြီးနောက် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဘက်ဂျတ်ဖြင့် တည်ဆောက်နေသည့် Oxygen Plant …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website