Home / 2021 / August

Monthly Archives: August 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၃၁ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၁)ရက်နေ့  နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်း ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ မြို့နယ်ခန်းမတွင် လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ် အတွင်း ကိုဗစ်(၁၉) ရောဂါ ခံစားခဲ့ရသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၂၃)သိန်းအား သာယာဝတီခရိုင် ဆေးရုံအုပ်ကြီးထံပေးအပ်ခဲ့ပြီး သာယာဝတီမြို့ ကြက်ခြေနီရုံးဝန်း အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀) လီတာအိုး (၁၈၀) ထွက်ရှိသည့် Oxygen Plant လည်ပတ်နေမှုနှင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံဝန်းအတွင်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၃၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နေ့စဉ်ပိုမိုဖြစ်ပွားတွေ့ကြုံနေရကာ မြန်မာနိုင်ငံတွင် လည်း ရာသီဥတု၊ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်ရေ မြှင့်တက်မှုများကြောင့် တိုင်းအတွင်း ဒေသအချို့၌ ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလေ့ရှိကာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသည်ကို သိရှိရကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၂၉ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမစုရပ်နှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးစုရပ်တို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် Volunteerများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်အရွယ် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ပဲခူး ဩဂုတ် ၂၈ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးဒေသနှင့်တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  အနာဂတ်တွင် စနစ်ကျသည့် မြို့ပြများ ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် Town Plan များ ရေးဆွဲထားမှုပေါ် အခြေခံပြီး ဆောင်ရွက်ရကြောင်း၊ မြိုပြများအဆင့်မြှင့်တင်တိုးချဲ့ရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ ဟိုတယ်ဇုန်နှင့် အခြားဝန်ဆောင်မှုဇုန်များ စသည်ဖြင့် ခွဲခြားထားရန်လိုအပ်မည်ဖြစ်ပြီး ဇုန်တစ်ခုနှင့် တစ်ခုကြား(၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်း ရေးဇုန်တစ်ခု ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ် သမားများ အခြေချကျူးကျော်နေထိုင်မှုမရှိစေရေး သီးခြားမြေနေရာ (သို့မဟုတ်) …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂၇ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System  ကျင်းပပြုလုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီ ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ ဓါတ်မြေဩဇာဈေးနှုန်းများ မြှင့်တက်နေမှုအပေါ် ပြန်လည် ကုစားနိုင်ရေး တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာအသုံးပြုနိုင်ရေး နည်းပညာပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက်လိုက်နာ နေထိုင်သွားလာနိုင်ရေး ပညာပေးခြင်းလုပ်ငန်းကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နွေစပါးနှင့် ဆီထွက်သီးနှံဖြစ်သော ပဲအမျိုးမျိုးနှင့် နေကြာ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယခုအချိန်ကတည်းက ရေလိုအပ်သည့်နေရာများ ဆိုလာစနစ်ဖြင့် ရေပေးနိုင်ရေး ကြိုတင်စုစည်းတင်ပြပေးရန်၊ ကမ်းပြိုမှုကြောင့် နှစ်စဉ်ဆုံးရှုံးနေရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ စိုက်ပျိုးဧကတိုးချဲ့၍ မရသော်လည်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၇၅၇)ဦး၊ Volunteer (၁၃၆)ဦးတို့အတွက် တစ်ဦးလျှင်ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၉၃)သိန်းအားလည်းကောင်း၊ အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥအလုံးရေ(၂၀၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် Oxygen …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၈/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂၄ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၈/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ နဝမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက် များအား ဖတ်ကြားရှင်းလင်းပြီး မိမိတို့တိုင်းဒေသကြီးအတွင်း ဇူလိုင်လ(၂၂) ရက်နေ့တွင် ကူးစက်မှုအများဆုံး ဖြစ်ခဲ့သည့် လူနာအရေအတွက်နှင့်ချိန်ညှိ၍ အောက်စီဂျင်ထုတ်လုပ် ဖြန့်ဖြူး အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တန်(၂၀)ဆံ့ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် သန့်ရှင်းသာယာလှပရေး၊ တိုင်းမြို့တော်အဖြစ် လမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဩဂုတ် ၂၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် သန့်ရှင်းသာယာလှပ ရေး၊ တိုင်းမြို့တော်အဖြစ် လမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနိုင် ရေး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံလမ်းညွှန်မှု ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့သည် တိုင်းဒေသကြီး၏ မြို့တော် ဖြစ်ပြီး ပဲခူးမြို့အား စံနမူနာယူရမည့် မြို့တော်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့တော်အင်္ဂါရပ် နှင့်အညီဖြစ်စေရေးအတွက် သန့်ရှင်းသာယာလှပရေး၊ အမှိုက်များကင်းစင်ရေး၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ လူသွားလမ်းပလက်ဖောင်းများတည်ဆောက်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များတပ်ဆင်ခြင်း၊ ရေမြောင်းများတူး ဖော်ခြင်း၊ လမ်းဘေးဝဲ/ယာ အရိပ်ရအလှပင်များစိုက်ပျိုးခြင်းနှင့် ပြည်သူများထံသို့ သန့်ရှင်းသောသောက်သုံး ရေဖြန့်ဝေပေးခြင်းများ စသည်လုပ်ငန်းစဉ်တို့ကို အရှိန်အဟုန်မပြတ် ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပဲခူးမြို့၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် လေဆိပ်စီမံကိန်းနှင့်အတူ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဩဂုတ် ၁၉ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၃) စစ်မြေပြင်ဆေးတပ်ရင်းခန်းမ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ Oxygen Concentrator (၁၀)လုံးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဆေးတပ် တပ်ရင်းမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ မိုင်ဒါကွင်း၌ တည်ဆောက်လျက်ရှိသည့် Oxygen Plant စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အောက်စီဂျင်အိုး ပိုးသတ်ခန်း ထည့်သွင်းတည်ဆောက်ရန်၊ မီးဘေး အန္တရာယ်ကင်းရှင်းရေး၊ စက်ရုံလုံခြုံရေးနှင့် လေဝင်/လေထွက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်အားပေး

ပဲခူး ဩဂုတ် ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၁၈) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု အားပေး ခဲ့သည်။           ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးနှင့် ထီးလှိုင်လမ်းဘေးရှိ မြေဧရိယာ(၇၁.၂၆)ဧက၌ အစိုးရစက်မှုလက်မှု(သိပ္ပံ) ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ခံကျောင်းအုပ်ကြီး ဦးဌေးမြင့်မှ ကျောင်း တည်ဆောက်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောက်လုပ်နိုင်ရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ တည်ဆောက်ပြီး အဆောက်အဦများအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ အဖျက်အမှောက်လုပ်ရပ်များကြောင့် ဖျက်ဆီးခံရမှု မရှိစေရေး ကျောင်းတံခါးများ သေချာပိတ်ထားရန်နှင့် လျာထားချက်အတိုင်း …

Read More »