Home / 2021 / September

Monthly Archives: September 2021

တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၉ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ စက်တင်ဘာလ(၂၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့်   ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချက်နှင့် အညီ ဆောင်ရွက်သွားရန်၊ မကြာမီ မိုးစပါးများ ရိတ်သိမ်းချွေလှေ့တော့မည်ဖြစ်၍ တောင်သူများ၏ စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မြို့နယ်အလိုက်အဓိကထား ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်၍  မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စတင်တော့ဖြစ်မည်၍ …

Read More »

(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ပဲခူး စက်တင်ဘာ၂၉ =========================           အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲ ပထမနေ့အား ကျင်းပပြုလုပ်သည်။            သွေးလှူဒါန်းပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၃၉)ဦး၊ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၃)ဦး၊ အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင်(၅၈)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပေးသည့် ရဲတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လိုက်လံ ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဆေး၊ ငှက်ပျောသီးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈ ===================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ ၌ စက်တင်ဘာလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော် အစိုးရမှ အခွန်ရငွေများပေါ်မူတည်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးခြင်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား နှစ်စဉ်ဖြည့်ဆည်းပေးနေ ရသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကောက်ခံကြရန်လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရေး ပညာပေးဆောင်ရွက်သွားရမည်ဖြစ်သလို အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အခွန်ထမ်းအသစ်များ ထပ်မံဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းများအတွက် စက်မှုစီးပွားဂရန်များ အမြန်ဆုံးချပေးနိုင်ရန် လိုအပ်သလို အိမ်ခြံမြေဂရန်များ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့၌ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်တို့ အတွက် ဆွမ်းဆန်နှင့် စားသုံးကုန်များ သွားရောက်ဆက်ကပ်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၅ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကြာနီကန်(၁၈)ရပ်ကွက်၊ ကြာနီကန်ပရိယတ္တိစာသင်တိုက်ကျောင်းသို့သွားရောက်၍ ဆန်နှင့်စားသုံးကုန် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပဓါနနာယက ဆရာတော်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက်(၄)ကျောင်း၊ သီလရှင်စာသင်တိုက်(၁)ကျောင်းတို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇)ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း၌ (၁၂)ရက်တာကာလအတွင်း ရောဂါပိုးတွေ့ရှိမှု (၃)ရာခိုင်နှုန်းနှင့် (၄)ရာခိုင်နှုန်း ခန့်သာရှိတော့သဖြင့် ဆက်လက်ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ကာကွယ်ဆေးထိုးနှံမှု အား အရှိန်မြှင့်ဆောင်ရွက်သွားရန် ပြောကြား

ပဲခူး စက်တင်ဘာ ၂၄ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ (၂၄)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံသာသနာ့ဗိမာန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer  များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရောက်ရှိလာသည်နှင့် မြန်မြန်ဖြန့် မြန်မြန်ထိုးစနစ်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည့်အပြင် ကိုဗစ်ရောဂါစစ်ဆေးမှုတွင်လည်း များစွာစစ်ဆေးပြီး ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုအခါ ရောဂါကူးစက်မှုသည် တိုင်းဒေသကြီးအတွင်း (၃)ရာခိုင်နှုန်းနှင့် (၄)ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ အဓိကအားဖြင့် ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ အလွန်လျော့ကျလာသဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၂ =====================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်း အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရေး ရုံးလုပ်ငန်းများဆောင်ရွက်ပေးနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအတွက် အလွန်အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ မိမိတို့၏ ဌာနရည်မှန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကောင်းမွန်ခဲ့သော သမိုင်းဂုဏ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေရေး ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်သွားလာကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် …

Read More »

ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၁၈ =====================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိ ရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပဲခူးမြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော  တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်၍ ပဓာနနာယက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကဝ စက်တင်ဘာ ၁၇ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအား ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ဒန်နှင့်သံထည်ပစ္စည်းများ အရည်ကြိုပုံသွင်း ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းအဖွဲ့ ဖွဲ့စည်းပေး နိုင်ရေး၊ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး၊ ကုန်ကြမ်းရရှိစေရေး၊ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ခိုင်မာသည့်ဈေးကွက် ရရှိစေရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာ၌ ဒန်/သတ္တုစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဒယ်အိုးဆိုဒ်စုံနှင့် မိုးဗြဲဒယ်လုပ်ငန်း၊ …

Read More »

ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅ =================            (၁၃-၉-၂၀၂၁)ရက်နေ့ ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြစ်မှုကျူးလွန်သူ တရားခံများ အား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့် တပ်မတော်သားများအတွက် ဂုဏ်ပြုဆုငွေကျပ်(၄၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

ပဲခူး စက်တင်ဘာ ၁၅ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဧကရာဇ်-နောင်ပတ္တရာ-သဘော့ကန် ကျေးလက်လမ်း (၁)မိုင်(၃.၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးလက်လမ်းများ ကောင်းမွန်မှသာ စိုက်ပျိုးရေးထွက်ကုန်များ အချိန်မီ ပို့ဆောင် နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိနိုင်မည်ဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာရှိ အထွက်ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း တွင် မတူညီစပါးမျိုးကွဲ ရင့်မှဲ့နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် …

Read More »