Home / 2021 / August / 25

Daily Archives: August 25, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၇၅၇)ဦး၊ Volunteer (၁၃၆)ဦးတို့အတွက် တစ်ဦးလျှင်ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၉၃)သိန်းအားလည်းကောင်း၊ အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥအလုံးရေ(၂၀၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် Oxygen …

Read More »