Home / 2021 / August / 13

Daily Archives: August 13, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး

သာယာဝတီ ၁၃ ဩဂုတ် ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာ၊ တစ်ကွင်းတစ်ဆက်တည်း တောင်သူ(၁၅)ဦးပိုင် အဆင့်မြင့် စက်မှုလယ်ယာမြေ(၁၀၀)ဧကတွင်  တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ ပေးခဲ့ကာ ကောက်စိုက်စက်ဖြင့် ကောက်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ကျေးလက်လမ်းဦး စီးဌာနမှ တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ်(၆၃၁.၂)သန်းဖြင့် ဆောင်ရွက်နေသည့် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ် ချိတ်ဆက်ထားသည့် တောင်ကြို့ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းသည် …

Read More »