Home / 2021 / August / 28

Daily Archives: August 28, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ပဲခူး ဩဂုတ် ၂၈ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးဒေသနှင့်တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  အနာဂတ်တွင် စနစ်ကျသည့် မြို့ပြများ ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် Town Plan များ ရေးဆွဲထားမှုပေါ် အခြေခံပြီး ဆောင်ရွက်ရကြောင်း၊ မြိုပြများအဆင့်မြှင့်တင်တိုးချဲ့ရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ ဟိုတယ်ဇုန်နှင့် အခြားဝန်ဆောင်မှုဇုန်များ စသည်ဖြင့် ခွဲခြားထားရန်လိုအပ်မည်ဖြစ်ပြီး ဇုန်တစ်ခုနှင့် တစ်ခုကြား(၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်း ရေးဇုန်တစ်ခု ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ် သမားများ အခြေချကျူးကျော်နေထိုင်မှုမရှိစေရေး သီးခြားမြေနေရာ (သို့မဟုတ်) …

Read More »