ပဲခူး ဩဂုတ် ၁၉ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် အတွင်း ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၃) စစ်မြေပြင်ဆေးတပ်ရင်းခန်းမ၌ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ Oxygen Concentrator (၁၀)လုံးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဆေးတပ် တပ်ရင်းမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ မိုင်ဒါကွင်း၌ တည်ဆောက်လျက်ရှိသည့် Oxygen Plant စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အောက်စီဂျင်အိုး ပိုးသတ်ခန်း ထည့်သွင်းတည်ဆောက်ရန်၊ မီးဘေး အန္တရာယ်ကင်းရှင်းရေး၊ စက်ရုံလုံခြုံရေးနှင့် လေဝင်/လေထွက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website