ပဲခူး ဖေဖော်ဝါရီ ၈ ============= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊သာမဏေ၊သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကန်တော့ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားအတွက် ဝတ္ထုငွေကျပ်သိန်း(၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ကာ …
Read More »Daily Archives: February 8, 2022
ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) သည် (၁)လကျော်သာ ကျန်ရှိတော့သဖြင့် ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုများရှိလာပြီဖြစ်၍ ညွှန်ကြားထား သည့်အတိုင်း Community Based Facility Quarantine (CBFQ) ဆောင်ရွက်မည့်နေရာများ အသင့်ပြင်ဆင်ထားရန်နှင့် စေတနာ့ဝန်ထမ်းများ ကြိုတင်စုစည်းထားရှိရန် ၊ ရပ်ကွက်/ကျေးရွာ အလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများလည်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website