Home / 2022 / February / 06

Daily Archives: February 6, 2022

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၅ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ်(၄)စီးနှင့် မီးသတ် ရေသယ်ယာဉ် (၁)၊ စုစုပေါင်း(၅)စီးအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ်စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် ရှိရန်လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းများလည်း စဉ်ဆက်မပြတ် လေ့ကျင့် နေရန်လိုအပ်ကြောင်း၊ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှု …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၅ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပပြန်များတွင်သာ တွေ့ရှိရပြီး ယခုအခါ ပြည်တွင်းကူးစက်မှုတွေ့ရှိ ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းများအတိုင်း လိုက်နာသွားရန်၊ အဓိကအားဖြင့် လူစုလူဝေးဖြစ်သည့် စက်ရုံများ လိုက်နာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးရန်၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်မီတာဆောင်သည့်နေရာများ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဖေဖော်ဝါရီ ၄ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း (၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များအတွက် သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် …

Read More »