Home / 2022 / February / 02

Daily Archives: February 2, 2022

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်း များနှင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ ===============================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်းများနှင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ လမ်းဖွင့်ပွဲနေရာသို့ ရောက်ရှိလာရာ တိုင်းရင်းသား အကြီးအကဲတစ်ဦးမှ ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး ဘုရားသုံးဆူအဝင်လမ်း ဂဝံရောမြေခင်းခြင်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်း ဂဝံရောမြေ ခင်းခြင်း ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပဲခူးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိက လမ်းတည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ၎င်းနောက် …

Read More »