Home / 2022 / January

Monthly Archives: January 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇန်နဝါရီလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း(၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များ အတွက်သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် အဓိကအားဖြင့် ကျေးရွာများသို့ ကျေးရွာထင်းစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

ပြည် ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၂၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အမှတ်(၃)အကြီးစားစက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၃)အကြီးစား စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၏ စက်ရုံမှူး ဦးမျိုးအောင်ခိုင်မှ တည်ဆောက်ရခြင်း ရည်ရွယ်ချက်၊ စက်ရုံလည်ပတ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းပိုင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၊ စက်မှုဇုန်အတွင်း ဝါဂွမ်းမှ ချည်ထည်၊ ချည်ထည်မှ ဆေးဆိုးပန်းရိုက်လုပ်ငန်းအထိ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံများရှိကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်း လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေး …

Read More »

ပြည်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဇန်နဝါရီ ၂၉ ================= ပြည်မြို့နယ်၊ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ (၂၉) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားအား ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ကျေးရွာ အတွင်း လျှပ်စစ်ဓါတ်အား ပေးလွှတ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်မီးလင်းရေးလုပ်ငန်းများ အပါအဝင် အခြားကျေးလက်ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီးအား အကျိုးရှိရှိ သုံးစွဲကြရန် အမှာစကားပြောကြားခဲ့ပြီး ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု ကောက်စိုက်စက်ဖြင့် Jasmine မျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီးအုပ် စိုက်ပျိုးရေးတောင်သူအသိပညာပေးစခန်း၌ တောင်သူများအား အာမိုကွန်ပေါင်းဓါတ်မြေဩဇာအိတ်(၃၀)အား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့ စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နတ်တလင်း ဇန်နဝါရီ ၂၈ ======================= တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊  ရွှေလင်းခန်းမ၌ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၅)ရပ်အား အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တည်ငြိမ်အေးချမ်းရေး၊ ကျန်းမာရေးနှင့် မြို့ပြ/ကျေးလက် ဟန်ချက်ညီညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက မြို့ရေပေးဝေရေး လုပ်ငန်းကိုလည်းကေားင်း၊ မြို့မိ/မြို့ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း …

Read More »

တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်း သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက် အတိုင်း အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းသော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လှေလှော်ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးလှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများနှင့် တံခွန်စိုက် ဆုဖလား များရရှိထားသည့် အစဉ်အလာကောင်းရှိပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် လှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများအပြင် တံခွန်စိုက်ဆုဖလားများရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားကြစေလိုကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅ ============= ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။        အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြပြီး (၅)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုနှင့် (၁)ဦးချင်း၊ (၃)ယောက်တွဲ သရုပ်ပြသခြင်းအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်တို့က (၁)ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၅)ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူး ဇန်နဝါရီလ ၂၄ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၄) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရေးနှင့် လျှပ်စစ်မီတာခများ ကြွေးကျန်မရှိစေရေး အနီးကြပ်ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိသည့်အခွန်ဘဏ္ဍာငွေဖြင့် ပြည်သူ့ဝန်ဆောင်မှုလု်ပငန်းများ ပြန်လည် ဆောင်ရွက်ပေးရခြင်းကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လမ်းဘေးဝဲယာ အရိပ်ရသစ်ပင် စိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ပျိုးပင်များပျိုးထောင်ထားရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်တည်ငြိမ်စေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃ ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးခင်ရီမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပန်းခင်းစီမံချက်တွင် ထူးထူးချွန်ချွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးထွန်းမြင့်ဦးနှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးရဲဇာနည်အောင်တို့အား ရာထူးတစ်ဆင့်တိုး ပေးခြင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ်(၇၇)‌ခြေမြန်တပ်မ ဌာနချုပ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အသုံးဝင်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများနှင့် လုပ်သားအင်အား များများအလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင် ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ …

Read More »

အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

ပဲခူး ဇန်နဝါရီလ ၂၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ လ(၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြု လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီးသမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနန္ဒအောင်က အားကစားဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး …

Read More »