ပဲခူး ဇူလိုင် ၂၉ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ရာသီဥတုအခြေအနေအရ မိုးစပါးနှင့်မိုးသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် လိုအပ် ပါကဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား Server Program အတွင်း ထည့်သွင်းမှုသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်ချက်များအလိုက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ …
Read More »Monthly Archives: August 2022
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဇူလိုင် ၂၉ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေ ရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ် ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅) ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များဖော်ထုတ် ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website