Home / 2022 / August / 15

Daily Archives: August 15, 2022

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၅ ======================       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်း အနားအား ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှအဆိုရှင်(၁၂)ဦးတို့က နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တတိယဆုရရှိသူ တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်အား အမှတ်(၇၇)ခြေမြန် …

Read More »