ပဲခူး သြဂုတ် ၂၁ ========== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးမှူး-၄၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တို်ငးဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို အကောင် အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေး စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေး ပြည့်ဝစွာ ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို နှစ်အလိုက် တိုးမြှင့်ဖြည့်ဆည်းပေးထားပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျန်းမာရေး ဝန်ထမ်းအင်အား ဖြည့်တင်းပေးမှုကိုလည်း ဦးစားပေးကဏ္ဍအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ကြီးကြပ်(၂)များသည် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း ရပ်ကွက်/ကျေးရွာအဆင့်ထိ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း၊ ကျန်းမာရေးကြီးကြပ် …
Read More »Daily Archives: August 21, 2022
ပဲခူးတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ပဲခူး သြဂုတ် ၂၀ ============ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများတိုးပွားစေပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ရာသီဥတုဆိုးရွားလာပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး အင်အားပြင်းထန်သော သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် တွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသည့် နိုင်ငံတော်ရဲ့ခြေလှမ်း များစွာ အဟန့်အတားဖြစ်စေကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင်ရှိနေခြင်းကြောင့် ငလျင်ဘေး ရဲ့စိန်ခေါ်မှုကို ခံနေရတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တွေကို မဖြစ်အောင်တားဆီးလို့မရပေမဲ့လည်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဩဂုတ် ၁၉ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုရှိ GW-11မျိုး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း အရှည်(၁)မိုင် ကွန်ကရစ် လမ်းခင်းနိုင်ရေး အောက်ခြေအမာခံလမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်လမ်းအထိ ကွန်ကရစ်လမ်းအဖြစ် တိုက်ရိုက်ချိတ်ဆက်နိုင်ရေး နှစ်စဉ်ဘတ်ဂျက် ရေးဆွဲတင်ပြရန်နှင့် လမ်းပုခုံးသားများ သေချာစနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ မြို့ရှောင်လမ်း(၄မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုနှင့် မဟင်ကျေးရွာ ကုန်ထုတ်လမ်း(၂)မိုင်နှင့်(၄.၂၁)ဖာလုံ ဖောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး …
Read More »