Home / 2022 / July

Monthly Archives: July 2022

တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇူလိုင် ၂၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း တောင်သူလယ်သမားဘဝဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးမှ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူ တွက်ခြေကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အလွယ်တကူရ ရှိစေရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းများ အသိပညာပေးဆောင်ရွက်ရန်၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓါတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး …

Read More »

ပဲခူးတို်ငးဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၅ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်း စပါးနှင့် ဆီထွက်သီးနှံများအား အထွက်နှုန်းကောင်းပြီး ရက်တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး ရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့ စိုက်ပျိုးမည်ဖြစ်၍ မြို့နယ်အလိုက် ဆီစက်မျာအသင့် ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ လယ်မြေများ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် နွေစပါး စိုက်ပျိုး၍ မရသည့် နေရာများတွင် စားဖိုဆောင်သီးနှံအား အစားထိုးစိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ် …

Read More »

KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၁ ============        ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက KGတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်ဖြစ်ကြောင်း၊ ယခု ပေးအပ် သည့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များသည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်းစာပေ သင်ကြား ရာတွင် များစွာအထောက်အကူဖြစ်စေရန်၊ ကျောင်းထွက်နှုန်း လျော့ကျစေရန်ဖြစ်ကြောင်း၊ တိုင်းရင်းသား တို့၏စာပေနှင့် ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု …

Read More »

တိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဇူလိုင် ၂၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက  ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့် အညီ စနစ်တကျ နေထိုင်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရေး …

Read More »

Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီထည့်သွင်းပြီးစီးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၇ ==================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက Online System ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီ ထည့်သွင်းပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက်နှင့် နိုင်-၄ စာရင်းများ ရေးသွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမဆုံးပြီးစီးခဲ့သည့် တိုင်းဒေသကြီးတစ်ခု ဖြစ် ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ ရိုက်သွင်းခြင်းနှင့် ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှသာ လွပ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် စနစ်ကျပြီး တိကျသော မဲစာရင်းများ ထွက်ရှိလာနိုင်မှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ …

Read More »

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အား ဇူလိုင်လ(၁၅)ရက်နေ့ မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့သည် ပင်လယ်နှင့်ဆက်စပ်လျက်ရှိပြီး ခေါင်းလောင်းပုံ (Bell-Mouth)အတွင်း ကျရောက်လျက်ရှိ၍ မိုးတွင်းကာလ စစ်တောင်းမြစ်ရေ တိုက်စားခံရသည့်အပြင် ပင်လယ်ဒီရေသက်ရောက်ပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် လယ်မြေများ၊ ရွာမြေများ ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း၊ ဒီအခြေအနေကို ကာကွယ်နိုင်ရန်အတွက် ဝါးတိုင်စိုက်လှိုင်းကာရေကာနှင့် ဝါးတိုင်စိုက် ရေလွှဲရေကာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး သဘာဝနည်းဖြင့် ကာကွယ်နိုင်ရေး ဒီရေတော စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒီရေတောများ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီရေတောများ အောင်မြင်ဖြစ်ထွန်း …

Read More »

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၅ ==================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်‌ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဘောလုံးအားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ဘောလုံး အားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အာရှလက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဘောလုံးအားကစားအဆင့်အတန်းသည် တချိန်သောကာလက အောင်မြင်မှုများစွာ ရရှိခဲ့သော တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခင်ကလို …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၄ ================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၉) ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက် အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း(CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၂ ================         ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၉ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးဝန်းအတွင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့ များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် အပတ်စဉ် စနေနေ့တိုင်း …

Read More »