Home / 2022 / August / 26

Daily Archives: August 26, 2022

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၆ ==================== ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ- ရွာသာယာလမ်း မြေသားလုပ်ငန်း(၁)မိုင်(၃)ဖာလုံ ဆောင်ရွက်နေမှု အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် (သရက်-ကံမ-ကဒူးပြင်-ပြည်) ကားလမ်း ပဲခူးတိုင်းဒေသကြီးဘက်ခြမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းမျက်နှာပြင် ညီညာဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူး စံပြကျေးရွာ၌ ဒေါ်တင်နွဲ့၏ တိုင်းရင်းကြက်ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်အား အစားထိုးသုံးစွဲရန် …

Read More »

ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၅ =============           ဩဂုတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်စျေး အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဈေးအတွင်းကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောင်းချရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၈၅.၃၇)သန်းဖြင့် ကြာနီကန်လမ်းဘေးဝဲ/ယာ အုတ်ရေမြောင်း ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် စံချိန်စံညွှန်းနှင့်ညီ သတ်မှတ်အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။      ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူဦးဌေးအောင်၏ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀)နှင့် အသားတိုးကြက် ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄ ================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆)မျိုး၊ တစ်ဧက ပိဿာ(၁၀၀၀) ထွက်ရှိရန် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ခင်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး စံပြကွက်(၅၀)ဧကနှင့် အရည်အသွေးကောင်းစမ်းသပ်ကွက်(၂)ဧက တို့အတွက် ဓါတ်မြေဩဇာ၊ ပိုတက်စီယမ်၊ ယူရီးယားနှင့် ပိုးသတ်ဆေးရည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံ ကျေးရွာများအတွက် လိုအပ်သော ကျေးရွာချင်းဆက်လမ်းများ၊ ချောင်းကူးတံတားနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင် မွန်းမံနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ …

Read More »

ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၂၄ ====================           ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေး ရဲတပ်ခွဲသို့ အခြေခံစား သောက်ကုန်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တပ်ဖွဲ့ခွဲရုံးရှင်းလင်းဆောင်၌ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲ၏ ဦး၊ရေး၊ထောက်ဆိုင်ရာကိစ္စ ရပ်များအား ဒုတိယရဲမှူးကြီး မင်းသိန်းက ရှင်းလင်းတင်ပြခဲ့မှုပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က လိုအပ်သည်များ လမ်းညွှန်မှာကြးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများသည် အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲရှိ အိမ်ထောင်သည်(၆၄)ဦး အတွက် တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၄)ထုပ်၊ ကုလားပဲ(၅၀)ကျပ်သား၊ အိမ်သုံးဆား(၁)ထုပ်စီနှင့် ကိုယ်ဝန်ဆောင်အိမ်ထောင်သည် များအား သီးခြား ထောက်ပံ့ငွေများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ဇီးကုန်း ဩဂုတ် ၂၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၃) ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် \ပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဒေသဆိုင်ရာအချက် အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တင်ပြချက်များပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နှစ် (၃)သီး စိုက်ပျိုးမည့် မြေနေရာများတွင် ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးပြီးစီးရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန် ဆန်၊ ဆီစသည်တို့အား ရပ်ကွက်/ ကျေးရွာများအထိ သက်သာသော နှုန်းထားဖြင့်ရောင်းချပေးရန်၊ ဆီထွက်သီးနှံ နေကြာအား  …

Read More »

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအလှူ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၁ ===========   ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်း တော်ကြီးတွင် သြဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိ သူများ၊ ဂေါပက အဖွဲ့များနှင့် အလှူရှင်များက ရွှေမော်ဓော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း ယာယီသီတင်းသုံး ကိန်းဝပ်စံပါယ် တော်မူနေသည့် ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ် ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။ ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းလှူတန်းခြင်း ရေစက်ချင်္ဂလာအခမ်းအနား ကျင်းပပြု လုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များမှ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား …

Read More »