Home / 2025 / January / 02

Daily Archives: January 2, 2025

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါ အဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုး ချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့မှု ကြောင့် အဓိကသီးနှံ(၁၀)မျိုးတွင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကာ မိုးစပါး ရေတော်မိုးတော်ဧက(၁၄)သိန်း(၄)သောင်းကျော်လည်း ပန်းတိုင်အထွက်နှုန်းရရှိနိုင်ခဲ့ကြောင်း၊ ရေမြေ ဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲသွားရမှာဖြစ်သလို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဇန်နဝါရီ ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ အုပ်စု၌ တစ်ကွင်းဆက်တည်း နွေစပါးဧက(၅၀)  မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်မှသာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ နွေစပါး(၂)သီး ရရှိနိုင်ရေး ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးသွားရန်၊ သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေအား စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားရန် လမ်းညွန်ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ ပေးအပ် ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အုန်းတောစုကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် …

Read More »