Home / 2025 / January / 10

Daily Archives: January 10, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဥဿာပြည်သူ့ အငှားအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အခြေခံစားသုံးကုန်များ၊ ကြက်၊ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ …

Read More »

နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပဲခူး ဇန်နဝါရီ ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်း အိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးနေမှုအား ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် …

Read More »