ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး အအေးခန်းစက်ရုံများ၊ စည်သွတ်ဗူးစက်ရုံ များနှင့် ဓါတ်မြေဩဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း နှင့် တိုင်းဒေသကြီးအတွင်း ဘက်စုံ၊ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရေး တက်ရောက်လာသည့် ကော်မတီဝင်များက ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက …
Read More »