နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ပွတ်စုကျေးရွာ အုပ်စု၌ ဆောင်းသီးနှံ မတ်ပဲ(၁၀၀)ဧက စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုနှင့် အသီးအပွင့်အားဆေး စုပေါင်းဖြန်းပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများ သုံးစွဲရာတွင် လိုအပ်သည့်ပမာဏသာ အချိန်ကိုက်သုံးစွဲကြရန်၊ ပိုးမွှားကျရောက်မှုမရှိစေရေး လယ်ကန်သင်းပေါင်များရှိ ခြုံများအား စုပေါင်းရှင်းလင်းရန်၊ တစ်ကွင်းတစ်ဆက်တည်း ဧကများများ တစ်မျိုးတည်းစိုက်ပျိုးခြင်းအားဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖန်တီးပေး ခြင်းဖြစ်ကာ ဒေသတစ်ခု ထုတ်ကုန်တစ်ခုအဖြစ် ခိုင်မာသည့်ဈေးကွက်များ ရရှိလာနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျွန်းကတုတ်ကျေးရွာ၌ မတ်ပဲမျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် …
Read More »Daily Archives: January 16, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ဥတိုကညင်ကျေးရွာ အုပ်စု၊ တောင်သူ ဦးသန်းဇော်မင်း၏ တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြ စိုက်ခင်း ဧက(၅၀) စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် တောင်သူသရုပ်ပြ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် သန်း(၁၀၀၀)ဖြင့် မင်းလှ-မိုးညိုကားလမ်း မိုင်တိုင်(၁၀/၇)နှင့် (၁၁/၆)အကြား အကျယ်(၄၄)ပေ၊ လမ်းတာဘောင်ပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့်ဒေသဖြစ်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာအုပ်စု၊ ဘိုင်းဒါးကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘိုင်းဒါးချောင်းပေါ် တွင် သဘာဝရေစီးအားသုံး ရေတင်စနစ် (Water Wheel) အသုံးပြု၍ ဟင်းသီးဟင်းရွက် အမယ်စုံစိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျသုံးစွဲရန်၊ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာနှင့် သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ စံတွင်းကုန်း ကျေးရွာရှိ တစ်ကွင်းတစ်ဆက်တည်း …
Read More »