ပဲခူး ဇန်နဝါရီ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကန်သာယာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည်ခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူငယ်များစာပေဖတ်ရှုမှု များပြားလာစေရေး နှင့် စာကြည့်တိုက်အား နေ့စဉ်ဖွင့်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသည့် လူငယ်များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွက် သုတ/ရသ …
Read More »